BEC-TERO TV

Halloween ညနဲ့ လိုက်ဖက်တဲ့ ဇာတ်ကားများ

30 Oct 2017     43,701 Views


   31နေ့ည Halloween Party မသွားဘဲ အိမ်တွင်းအောင်းမယ့် ကိုရီးယားဇာတ်ကားတွေကို ကြိုက် နှစ်သက်တဲ့ Popolay ပရိသတ်ကြီးအတွက် Halloween ညမှာ ကြည့်မှပိုအရသာရှိမယ့် ကိုရီးယား သည်းထိတ်ရင်ဖို ဇာတ်ကားနည်းနည်းကို စုစည်းပေးထားပါတယ်။
 
1. The Silenced (2015)

  

   1938, ဂျပန်တွေ ကိုရီးယားနိုင်ငံကိုသိမ်းပိုက်ထားတဲ့ ကာလအတွင်းမှာ Ju Ran အမည်ရတဲ့ လူမမယ်ကောင်မလေးတစ်ယောက်က သူမရဲ့ ကျန်းမာရေးအခြေအနေ ပိုပြီးကောင်းမွန်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယ်မြို့လေးတစ်မြို့ကိုကျောင်းအိပ်ကျောင်းစားအနေနဲ့ ပြောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းမှာရှိတဲ့ ကောင်မလေး တွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားတဲ့အခါ Ju Ran နဲ့ သူမရဲ့ သူငယ်ချင်း YeonDeok တို့က ဒီကျောင်းရဲ့ လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ Ju Ran နဲ့ YeonDeokတို့လည်း သူများတွေလို မပျောက်ကွယ်ခင် ဒီကျောင်းရဲ့ လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလား ဆိုတာကိုတော့……
 
 
2. Monster (2014)

  

   ထူးဆန်းတဲ့ အပြုအမူတွေကြောင့် Bok Soon ကိုအိမ်နီးချင်းတွေက စိတ်မနှံ့တဲ့သူအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ Bok Soon အရမ်းချစ်ရတဲ့ Bok Soon ရဲ့ ညီမလေ းEunJeong က သွေးအေးတဲ့ လူသတ်သမား Tae Sooရဲ့ သတ်ခြင်းကို ခံလိုက်ရပါတယ်။ အမျက် ဒေါသတွေ နာကျည်းမှုတွေ စုပုံသွားတဲ့အခါမှာတော့ Bok Soon က Tae Soo နောက်ကိုလိုက်ပြီး လက်စားချေဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် Bok Soon က Tae Soo နောက်ကို ဘလိုက်နေတာလား? ဒါမှမဟုတ် Tae Sooကဘဲ Bok Soon နောက်ကို လိုက်နေခဲ့တာလား?
 
 
3. Muoi : The Legend of a Portrait  

  

   Yun Hee ဆိုတဲ့ စာရေးဆရာမလေးကသူမရဲ့ နောက်အသစ်ထွက်မယ့် စာအုပ်ကို စိတ်ဝင်စားဖို့ကောင်းအောင် ရေးဖို့အတွက် အယ်ဒီတာဆီကနေဖိအားပေးခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် SeoYeon ဆိုတဲ့ ဗီယက်နမ်နိုင်ငံက Yun Hee ရဲ့ သူငယ်ချင်းက ဗီယက်နမ်နိုင်ငံသူ Muoi ဆိုတဲ့ ကောင်မလေးရဲ့အကြောင်းနဲ့ သူမရဲ့ ပုံတူပန်းချီကားလေး အကြောင်းကို ပြောပြခဲ့ပါတယ်။ သူမရဲ့ သူငယ်ချင်းဆီကနေ ပုံတူပန်းချီကားရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ တွေကို ခဏခဏ လက်ခံရရှိနေတာကြောင့် Yun Heeက ပုံတူပန်းချီကားရဲ့ ဒဏ္ဍာရီကို ဖော်ထုတ်ဖို့အတွက် ဗီယက်နမ်ကို လိုက်လာခဲ့ပါတော့တယ်။ Yun Hee တစ်ယောက် ဗီယက်နမ်နိုင်ငံမှာဘာတွေကြုံတွေ့ရမှာလဲ?
 
 
4. Parallel Life (2010)

  

   Kim SeokHyeon က ကိုရီးယားနိုင်ငံရဲ့ အသက်အငယ်ဆုံးတရားသူကြီးအဖြစ် အောင်မြင် ကျော်ကြားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ Kim SeokHyeon ရဲ့ ဇနီးက လူသတ်သမား Jang Soo Young ရဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးတဲ့ နောက်မှာတော့ အေးချမ်းသာယာနေတဲ့ သူ့ရဲ့ဘဝကြီးဟာ ပျက်စီး သွားခဲ့ပါတယ်။ ဒါပေမယ့် SeokHyeon တစ်ယောက် သူ့မိန်းမအသတ်ခံလိုက်ရတဲ့အမှုက လွန်ခဲ့တဲ့နှစ် ၃၀ က ဖြစ်ပွားခဲ့တဲ့ အသက်အငယ်ဆုံးတရားသူကြီးရဲ့ မိန်းမအသတ်ခံရတဲ့အမှုနဲ့ တူနေကြောင်းသိလိုက်ရတဲ့ အခါ မှာတော့…….
 
 
5. Death Bell (2008)

   ကျောင်းသားအယောက် ၂၀ က အတန်းတင်စာမေးပွဲကြီးကို ပြင်ဆင်ဖို့အတွက် အထူးတန်းမှာ တက်ရောက် ခဲ့ကြပါတယ်။ အတန်းတင်စာမေးပွဲကို ပြင်ဆင်နေရင်းနဲ့ အထူးတန်းက ကျောင်းသားတွေဟာ ထူးဆန်းစွာနဲ့ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရပြီး သူတို့လွတ်မြောက်ဖို့အတွက် ဆရာ ၂ ယောက်နဲ့ အထူးတန်းက ကျောင်းသားတွေက မေးခွန်းပုစ္ဆာတွေကို ဖြေဆိုခဲ့ကြရပါတယ်။ အကယ်၍ မေးခွန်းတွေကို အချိန်မီမဖြေနိုင်ခဲ့ရင်တော့ အဖမ်းခံရတဲ့ကျောင်းသားရဲ့ ညှင်းပန်းနှိပ်စက် အသတ်ခံရပုံကို TV ကနေ တိုက်ရိုက်ပြသပါတယ်။ နောက်ဆုံးသူတို့တွေ ကျောင်းထဲကလွတ်မြောက်သွားကြမလား? ဒါမှမဟုတ် မေးခွန်းပုစ္ဆာတွေကို ဖြေဆိုရင်းနဲ့ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမလားဆိုတာကိုတော့…….
 
   ကဲ… ကိုရီးယားဇာတ်ကားတွေကိုမှ ကြိုက်တဲ့ပရိသတ်ကြီးရေ Halloween ညမှာကြည့်ဖို့အတွက် အခွေလေးတွေပြေးဝယ် ထားတော့နော်။

 


30 Oct 2017     43,701 Views




RELATED

Most Popular of Movies

Most Popular of Entertainment