BEC-TERO TV

ပထမဆုံး ရုံတင်တဲ့နေ့မှာပဲ ဒေါ်လာ ၁၂၇ သန်း ရသွားတဲ့ Frozen 2

26 Nov 2019     55,253 Views


လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Frozen ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ Frozen 2 ကို ရုံတင်တဲ့ ပထမဆုံးနေ့မှာပင် အမေရိကန်တိုင်ငံတစ်ခုထဲရဲ့ ဝင်ငွေက ဒေါ်လာ ၁၂၇ သန်းရရှိခဲ့ပါတယ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်  ဒေါ်လာ ၃၅၀.၂ သန်း ရှိနိုင်တယ်လို့ ခန့်မှန်းကြောင်း Frozen 2 ရိုက်ကူးခဲ့တဲ့ စတူဒီယိုက တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Walt Disney က ရိုက်ကူးတဲ့ Frozen 2 ဟ ပထမဆုံးရုံတင်ရက်မှာတင် စံချိန်အတော်များများကို ချိုးသွားနိုင်ခဲ့ပါတယ်။ ဒါဟာ အင်နီမေးရှင်းကာတွန်းရုပ်ရှင်ဇာတ်ကား သမိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမြင့်ဆုံးဝင်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ယူအက်စ်နဲ့ ကနေဒါနိုင်ငံတို့မှာ နွေရာသီကျောင်းပိတ်ကာလ မဟုတ်ပဲနဲ့ ထွက်လာတဲ့ အင်နီမေးရှင်း ကာတွန်းဇာတ်ကားတွေထဲမှာလည်း ဝင်ငွေစံချိန် အမြင့်ဆုံးတင်သွားခဲ့ပါတယ်။ နောက်တစ်ခါ Walt Disney Animation Studios အတွက် အကြီးမားဆုံးအဖွင့်လည်း ဖြစ်ခဲ့ပါတယ်။

ပထမဦးဆုံး Frozen ရုပ်ရှင်ဇာတ်ကားကို Disney က ကျေးဇူးတော်ချီးမွမ်းခြင်း(Thanksgiving) အချိန်ကာလ အလွန်မှာ ပြသခဲ့တဲ့အတွက် ပြသပြီး ၅ ရက်အတွင်းမှာ ဒေါ်လာ ၉၃ သန်းရခဲ့ပြီး နောက်ထပ် ဒေါ်လာ ၆၇ သန်းကိုတော့ ပိတ်ရက်  ၃ ရက်မှာ ထပ်မံရရှိခဲ့ပါတယ်။

ယခုတစ်ခါ Frozen 2 ကို Thanksgiving မတိုင်မီ တစ်ပတ်မှာ ရု့တင်ပြသဖို့ Disney က ဆုံးဖြတ်ရွေးချယ်ခဲ့ပါတယ်။

မူးရင်း ပထမ Frozen ရုပ်ရှင်ကားဟာ ထိပ်တန်းဇာတ်ကား ၁၀ ခုထဲမှာ ပါဝင်ခဲ့ပြီး ၁၇ ပတ်ကြာမျှ ရုံတင်ပြသခဲ့ရကာ အသားတင်အမြတ်ငွေ ဒေါ်လာ ၁.၂၇ ဘီလီယံ ရရှိခဲ့ပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Let it Go” သီချင်းဟာ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့သလို ဇာတ်ကားထဲက မင်းသမီး Elsa ရဲ့အဝတ်အစားတွေနဲ့ “Let it Go” သီချင်းတွေဟာ ဖော်မပြနိုင်လောက်အောင် ရောင်းချနေခဲ့ရပါတယ်။

Frozen ဟာ အကယ်ဒမီထူးချွန်ဆု ၂ ဆုဖြစ်တဲ့ အကောင်းဆုံး အင်နီမေးရှင်းဇာတ်ကားဆု နဲ့ သီချင်းဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။

Ref:TIME


26 Nov 2019     55,253 Views




RELATED

Most Popular of Special or Others

Most Popular of NEWS