BEC-TERO TV

အစ္စရေးနိုင်ငံ၌ အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးမှု စတင်

26 Jan 2021     113,927 Views


အစ္စရေးနိုင်ငံသည် စာမေးပွဲမဖြေဆိုမီကာလ အတွင်း အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ်ရှိသူ များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုစတင်ခဲ့ကြောင်း သိရသည်။ အစ္စရေးနိုင်ငံသည် COVID - 19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အသက်အရွယ် ကြီးရင့်သူများဖြင့် စတင်ခဲ့သော်လည်း လက်ရှိ တွင် အသက် ၄၀ နှစ်နှင့် အထက် ရှိသူများသည် COVID - 19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အစ္စရေးနိုင်ငံသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်း များ ပြန်လည်ဖွင့်လှစ်ခြင်းကို ဖေဖော်ဝါရီလ တွင် စတင်ရန် မျှော်လင့်လျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံမှုတွင် မိဘများ၏ ခွင့်ပြုချက်ဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ် ရှိသူများ ပါဝင်လာခြင်းသည် ကျောင်းသား ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက် နိုင်ရန်နှင့် စာမေးပွဲများကို စနစ်တကျ ကျင်းပရန် ရည်ရွယ်ကြောင်းလည်း အစ္စရေး ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် အစ္စရေးနိုင်ငံ၌ လာမည့်လ အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မည် လားဆိုသည်ကို ဖြေကြားရန်မှာ စောလွန်းနေသေးကြောင်း အစ္စရေးပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ၌ COVID - 19 ရောဂါကာကွယ်ဆေးထိုးနှံမှုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်တွင်စတင်ခဲ့ပြီး နှစ်ကုန်ဆုံး ချိန်တွင် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၌ လက်ရှိအချိန်အထိ COVID - 19 ရောဂါကူးစက်ခံရသူ ၅၉,၆၀၀ နှင့် COVID - 19 ရောဂါကြောင့် သေဆုံးသူ ၄,၃၉၂ ဦးရှိသွားပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်းစ်တက္ကသိုလ်က စုဆောင်းရရှိ သည့်အချက်အလက်များအရ သိရသည်။

Credit: #Popolay #Popolaytv #News #International_News #COVID_19 #Israel


26 Jan 2021     113,927 Views




RELATED

Most Popular of International News

Most Popular of NEWS