BEC-TERO TV

နှုတ်ခမ်းနှစ်လွှာ လှပစေဖို့ရာ

03 Feb 2021     46,440 Views


      မျက်နှာပြင်လှပပြီး ဆွဲဆောင်မှုရှိစေဖို့ အရေးပါဆုံးဟာ နှုတ်ခမ်းတစ်စုံပါပဲ။ ဒီလို လှပဖို့ရာ နှုတ်ခမ်းသားတွေဟာ ကျန်းမာဖို့ လိုပါတယ်။ ခြောက်ပြီးကွဲအက်နေမယ်ဆိုရင်တော့ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ပါဘူး။
 
လှပပြီး ကျန်းမာတဲ့နှုတ်ခမ်းသားများဟာ နှုတ်ခမ်းဆိုးဆေး ဆိုးမထားသည့်တိုင်အောင် ပန်းနုရောင်သန်းနေပါလိမ့်မယ်။ နှုတ်ခမ်းသားများ ကျန်းမာနေမှ နှစ်လိုဖွယ် အသွင်အပြင် ရရှိနိုင်မှာပါ။ ဒါကြောင့်မို့ နှုတ်ခမ်းသားခြောက်ခြင်းမျိုး မဖြစ်စေရန် ကြိုတင်ကာကွယ်မှု ပြုထားရမှာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသား မခြောက်သွေ့ရအောင် ဒီလိုအချက်တွေနဲ့ ကာကွယ်ကြရအောင်။
 

၁။ နေရောင်ခြည်

 
          နှုတ်ခမ်းသားတွေ နူးညံ့နေစေဖို့ နေပူထဲသွားရင် အနည်းဆုံး SPF 10 ပါဝင်တဲ့ နှုတ်ခမ်းလှဆီကို အမြဲလိမ်းပေးမယ်။ သို့မဟုတ် နှုတ်ခမ်းသားတွေ စိုနေစေဖို့ Moisturizer Lotion ကို လိမ်းပေးမယ်။
 

၂။ ရေဓါတ်

 
          နှုတ်ခမ်းလှပဖို့ရန်အတွက်သာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်ပါ အရေးတကြီးလိုအပ်တဲ့ ရေဓါတ်ရရှိဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက်သောက်ပေးမယ်။ ပြီးတော့ ရေအပြင် ဗီတာမင်အေနဲ့ အရေပြားနဲ့ နှုတ်ခမ်းအတွက် ကောင်းမွန်စေတဲ့ အခြားသတ္တုဓါတ် အာဟာရဓါတ်တွေပါဝင်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့ မုန်လာဥနီလို ဖျော်ရည်တွေကို သောက်ပေးမယ်။
 

၃။ လျက်ခြင်း

 
          နှုတ်ခမ်းသားတွေကို ခြောက်သွေ့စေတဲ့ အခြားအချက်တစ်ခုကတော့ နှုတ်ခမ်းကို လျှာဖြင့် လျက်ခြင်းပါပဲ။ ဒီလိုပြုလုပ်ရင် ကျန်းမာတဲ့ နှုတ်ခမ်းသားကိုတောင် ပြန်ပြီး ခြောက်သွေ့စေတာမို့ ရှောင်ရှားပေးပါ။ ဒီလိုမျိုး ခဏခဏ မပြုလုပ်မိစေဖို့ နှုတ်ခမ်းအလှဆီ တစ်မျိုးမျိုးကို နှုတ်ခမ်းမှာဆိုး သို့မဟုတ် လိမ်းထားပေးနိုင်ရင် ကောင်းပါတယ်။
 

၄။ ဆောင်းလေ

 
          ဆောင်းရာသီမှာလည်း နှုတ်ခမ်းသားခြောက်ခြင်းမဖြစ်အောင် ဆောင်းရာသီအတွက် ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းဆိုးဆေးကို အထူးပြုပေးပါ။ ထိုရာသီအတွင်းမှာ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါတယ်။
 

၅။ ဓာတ်မတည့်သည့် နှုတ်ခမ်းအလှပြင်ပစ္စည်းများ

 
          တစ်ခါတစ်ရံမှာ မိမိနှင့် ဓာတ်မတည့်တဲ့ နှုတ်ခမ်းအလှထိန်းသိမ်းသည့် ပစ္စည်းတွေ၊ သွားတိုက်ဆေး သို့မဟုတ် မိတ်ကပ်တွေဟာလည်း နှုတ်ခမ်းကို ယားယံစေပြီး ခြောက်သွေ့ခြင်းကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် မိမိနှင့် ဓာတ်မတည့်ဘူးလို့ ခံစားမိတဲ့ပစ္စည်းများကို ဆက်လက်မသုံးစွဲတော့ဘဲ အခြားတံဆိပ် တစ်မျိုးမျိုးကို ပြောင်းလဲ၍ ရွေးချယ်အသုံးပြုကြည့်ဖို့ အကြံပေးပါရစေ။
 
          နှုတ်ခမ်းနီ ဝယ်ယူမယ်ဆိုရင် ၎င်း၌ပါဝင်သော ဓာတုပစ္စည်းများ စာရင်းတွင် နှုတ်ခမ်းသားကို စိုစွတ်မှုပေးနိုင်သော Moisturizer, Vitamin များနှင့် Lanoline ခေါ်သိုးမွေးမှရသည့် အဆီဖြင့် ထုတ်လုပ်သော နှုတ်ခမ်းဆိုးဆေးများကိုသာ ရွေးချယ်ရပါမယ်။
 
 Credit:

03 Feb 2021     46,440 Views




RELATED

Most Popular of Health Fix

Most Popular of Life Style