BEC-TERO TV

မသေခင် တစ်ခေါက်လောက်တော့ ကျွန်တော့်ဆီလာတွေ့ပေးကြပါလို့ ဆိုလိုက်တဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုး

23 Dec 2020     102,060 Views


မိုးဒီ၊ မော့စ်၊ တိမ်ညွန့်၊ စိန်ရိုး ဆိုပြီး အတွဲညီခဲ့တဲ့ ဝါရင့်လူရွှင်တော်ကြီး လေးဦးထဲက အသက်အကြီးအဆုံးနဲ့ သမ္ဘာအရင့်ဆုံးဖြစ်သူ ဦးစိန်ရိုးကတော့ အသက် (၈၇) နှစ်အရွယ်သို့ရောက်ရှိလာပြီး နာမကျန်းဖြစ်နေတယ်လို့ သိရပါတယ်။

ဦးစိန်ရိုးကတော့ အသက်အရွယ်လဲ အိုမင်းလာပြီဖြစ်သလို ကျန်းမာရေးလဲမကောင်းတာကြောင့် အသက်ရှိနေစဉ်အချိန် မသေခင်လေးမှာ ကျွန်တော့်ဆီတစ်ခေါက်လောက်တော့ လာတွေ့ပေးကြပါလို့ ဆိုလာပါတယ်။

သေခြင်းတရားဟာ နေ့ညအချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တာကြောင့် အသက်ရှိစဉ်အချိန်လေးမှာ တစ်ခေါက်လောက်တော့ လာတွေ့ကြပါဦးလို့ လူရွှင်တော်ကြီး ဦးစိန်ရိုးက မနေ့ကပြုလုပ်ခဲ့တဲ့ ချယ်ရီဦးမိသားစုရဲ့အလှူမှာ မီဒီယာများနဲ့တွေ့ဆုံခိုက် ဝမ်းနည်းစိတ်မကောင်းစွာ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

ယခုနှစ် ၂၀၂၀ မှာဆိုရင်လည်း ဝါရင့်လူရွှင်တော်ကြီးများ၊ ဇာတ်ပို့ဇာတ်ရုံလောကမှ သရုပ်ဆောင်များစွာ ကွယ်လွန်ဆုံးပါးသွားခဲ့ကြပြီး နေထိုင်မကောင်း၊ ကျန်းမာရေးမကောင်းဖြစ်ခဲ့သည့် ဝါရင့်လူရွှင်တော်ကြီးများစွာလည်း ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြည်သူချစ်လူရွှင်တော်ကြီး ဦးဧရာဟာ ကိုဗစ်_၁၉ ရောဂါဖြင့် ဆုံးပါးသွားခဲ့ပါတယ်။

Photo_Cherry Oo


23 Dec 2020     102,060 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment