ချစ်သူကိုတောင်းဆိုလိုက်တဲ့ အေးဝတ်ရည်သောင်း
25 May 2017 1,590 Views

မအေးသောင်းလို့ လူမှုကွန်ရက်မှာ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ သူ့ချစ်သူကို တောင်းဆိုလိုက်ပါတယ်။အဲ့တာကတော့ မိုးရွားပေးဖို့ပါ။
“မိုးရွာခိုင်းပေးပါ ချစ်သူ ... ကျေးဇူး” လို့ အေးဝတ်ရည်သောင်းက Facebook Status တင်လိုက်တာပါ။
အောက်မှာတော့ အေးဝတ်ရည်သောင်းပရိသတ်တွေက
“မမ အတွက်ဆို မိုးရေတင်မကပါဘူး
ပင်လယ်ကြီးပါ မမအနား ရွေ့ပေးချင်တဲ့ မောင်လေးပါ မမ”
“ဟေ့ သကြားမင်း ခဗျား မိုးရွာပေးမလား မဟုတ်ရင် ခဗျားကောင်းကင်ကို မီးတက်ရှို့ဖို့လဲ ကျုပ်ဝန်မလေးဘူး”
“မမ သား မိုးရွှာစေခြင်းရင်
ကျတော် မျက်ရည်တွေကို မိုးအဖြစ်ရွှာသွန်းပေးပါမယ် မမအေးသောင်းရယ်”
“မအတွက်မိုးတွေရွာဖို့ ရင်ကွဲအောင် မိုးခေါ်မဲ့ဖားတစ်ကောင်သာဖြစ်ချင်တော့တယ်မရယ်”
“မိုးနတ်မင်းကြီးဆီ မနေ့ကတည်းက အီးမေးလ်ပို့လိုက်ပါပြီ ချစ်သူ။ mpt က လိပ်စပိဒ်နဲ့ သွားနေလို့ မရောက်သေးတာ နေမှာပါ။”
အစရှိတဲ့ Comment တွေက ဖတ်သူတွေကို ကြည်နူးစေမိပါတယ်။







