BEC-TERO TV

ဒါရိုက်တာ ၀ိုင်းနဲ့ မင်းသားလုပ်မယ့် X-Box

25 May 2017     1,276 Views


လူငယ်ပရိတ်သတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် X-Box က MBC Pictures နဲ့လက်တွဲပြီးတော့ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့ဆိုတာ အခွင့်အရေးထက်စိန်ခေါ်မှုတစ်ခုကြောင့်ပါ ။

အိမ်မက်တခုရှိတယ် ကျွန်တော့ရဲ့ ဘ၀မှာ ကျွန်တော့်ရဲ့ ရုပ်က ရုပ်ရှင်တီဗီထဲမှာ ဘယ်လိုပုံစံ ရှိလဲ ဆိုတာ ပရိတ်သတ်တစ်ယောက်အနေနဲ့ ကြည့်ချင်တယ် ။ ငါ့မျက်နှာ ၊ ငါ့ အသံ ၊ ငါ့ဘ၀လျှောက်လှမ်းနေတာကို TV ထဲ ထည့်ရိုက်လိုက်ရင် ဘယ်လို ဖြစ်သွားမလဲဆိုတာကို အရမ်းသိချင်တယ် အဲ့ဒိ အိမ်မက်က ငယ်ငယ်လေးထဲ က ရှိတယ် ။

MTV ရိုက်တာနဲ့မတူဘူးရုပ်ရှင်ဆိုတာက စကားပြောတဲ့ အသံတွေ ငိုရတာတွေ ရယ်ရတာတွေ အကုန်လုံးလုပ်ကြည့်ရင် TV မှာ ရုပ်က ဘယ်လို ဖြစ်နေမလဲ ဆိုတာ အရမ်းသိချင်တယ်။ ဒီနှစ်ထဲမှာပဲ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ် ။ ဗီဒီယို ၅ ကားလဲ ရိုက်ဖို့ ရှိပါသေးတယ်။ MBC Pictures ကလ X-Box ကို ဒါရိုက်တာ ၀ိုင်းနဲ့ ရိုက်ဖို့ ကမ်းလှမ်းထားပြီးပါပြီ ။အဲ့ဒိအတွက် စီစဉ်နေကြပါတယ်။ ရိုက်မှာ ကတော့ သေချာနေပေမယ့် လောလောဆယ်တော့ ရက်မရသေးပါဘူး X-Box ကတော်လဲတော်တယ် ကြိုးလဲ ကြိုးစားပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis


25 May 2017     1,276 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment