BEC-TERO TV

လက်ရဲဇက်ရဲ လှိုင်သာယာက ဓားလူမိုက်

25 May 2017     5,242 Views


လှိုင်သာယာတွင် အဆောင်နေလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ ဓါးရေးအစွမ်းပြမှုကြောင့် ဆေးရုံရောက်ခဲ့သူနဲ့ရဲစခန်းရောက်ခဲ့သူအကြောင်းကို တင်ပြလိုက်ပါတယ်။ဖြစ်စဉ်မှာယနေ့ (မေ ၂၅)ရက်နေ့ (၁၂း၄၀)နာရီခန့်က လှိုင်သာယာအမှတ်(2) ရပ်ကွက် ဗထူး(11)လမ်းအောက်၊ အောင်မင်္ဂလာလမ်း ဒေါ်ငယ်မအဆောင်အမှတ်(232)အခန်း(1)တွင် အတူနေ သူငယ်ချင်းအချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဓားဖြင့်ထိုးခဲ့သူမှာ ဦးသာလှ၏သားအသက်(၁၉)နှစ်အရွယ် ကျော်မင်း(ခ)ယုန်လေး ဖြစ်သလို ဓားဖြင့်အထိုးခံရသူမှာ အဘ ဦလှထွေး၏သားဖြစ်သူ အသက်(၁၉)နှစ်အရွယ် ဖြိုးဝေအောင်ဖြစ်ပါတယ်။ ဓားဖြင့်အထိုးခံရသူနဲ့ထိုးတဲ့သူနှစ်ယောက်စလုံးမှာ  ဟသာင်္တဇာတိဟုသိရှိရပြီး လက်ရှိအချိန်မှာတော့ တရားခံကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရပါတယ်။

 


25 May 2017     5,242 Views




RELATED

Most Popular of Special or Others

Most Popular of NEWS