BEC-TERO TV

ဗိုက်ကိုခွဲ လက်စွပ်ထည့် ချစ်သူကိုထုတ်ခိုင်းပြီး လက်ထပ်ခွင့်ပန်သူ

26 May 2017     1,701 Views


ရုရှားအမျိုးသားတစ်ဦးရဲ့ ချစ်သူကို လက်ထပ်ခွင့်ပန်ပုံက အဆန်းတကြယ်ပါပဲ။
 
အဆိုပါအမျိုးသားဟာ ဝမ်းဗိုက်ကို ခွဲပြီး စေ့စပ်လက်စွပ်ကို ထည့်သွင်းထားပြီး ချစ်သူ သူနာပြုမလေးကို ဒဏ်ရာကိုသန့်စင်ခိုင်းရင်း လက်စွပ်ကို ထုတ်ယူစေခဲ့တာ ဖြစ်ပါတယ်။
 
သူဟာ ဒီလိုလက်စွပ်ကို ထည့်သွင်းဖို့အတွက် ခွဲစိတ်ဆရာဝန်တစ်ဦးကို အကူအညီတောင်းခဲ့ရပြီး လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဖိုင်ကိုတော့ သူငယ်ချင်းတစ်ဦးက ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။
 
ချစ်သူ သူနာပြုဆရာမလေးက ဒဏ်ရာကို သန့်စင်ပေးဖို့ အပေါ်ကဂွမ်းနဲ့ပလာစတာတွေကို ဖယ်ရှားလိုက်ချိန်မှာ ဒဏ်ရာထဲမှာ ပြောင်ပြောင်လက်လက်အရာလေး တွေ့ရတာကြောင့် ညှပ်နဲ့ဆွဲထုတ်ခဲ့ပါတယ်။
 
လက်စွပ်မှန်းသိလိုက်တော့မှ သူ့ချစ်သူကောင်လေးရဲ့ စိတ်ကူးကိုသိခဲ့ပြီး မျက်ရည်လည်ရွဲဖြစ်ခဲ့ရပါတယ်။ ဒီလိုလက်ထပ်ခွင့်တောင်းတဲ့ ပုံမျိုးကို တချို့က ရူးမိုက်တယ်လူတွေသာ လုပ်တာလို့ ဝေဖန်ခဲ့ကြပြီး ကိုယ့်အသားအနာခံပြီးတောင် လက်ထပ်ခွင့်တောင်းတာမို့လို့ တချို့ကလည်း စိတ်ကူးယဉ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းပုံမျိုးဆိုပြီး ချီးကျူးစကားဆိုထားကြပါတယ်။
 
Ref : DVB

26 May 2017     1,701 Views




RELATED

Most Popular of Special or Others

Most Popular of NEWS