ဒူဘိုင်းက အသစ်ဆောင်လုပ်မည့် ၁ ဒသမ ၇ ဘီလျံတန် ကျွန်းတုနှစ်ခု
26 May 2017 1,727 Views

ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအကုန်အကျခံ၍ လူလုပ်ကျွန်းတုနှစ်ခု ကိုဒူဘိုင်းတွင်ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။မြို့တော်၏ ရွက်လှေပုံစံဟိုတယ်ကြီးဖြစ်တဲ့ Burj Al Arab အနားရှိ ဘေးနှစ်ဖက် တွင် ကျွန်းသစ်နှစ်ခုကို ထည့်သွင်းဆောက်လုပ်သွားမှာပါ။

၂၀၂၀ ပြည့်နှစ်တွင် ဒူဘိုင်းသို့ တစ်နှစ် လျှင် ခရီးသွား သန်း ၂၀၀ ခန့်လာရောက် လည်ပတ်ကြလိမ့်မယ်လို့ဒူဘိုင်းက ခန့်မှန်းထားရှိပါတယ်။ လာမည့်လတွင် အဆိုပါပရောဂျက်ကိုစတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းတွင် ပြီးစီးနိုင်မယ်လို့သတင်းမှာဖော်ပြထားပါတယ်။



လာမည့်နှစ်အနည်းငယ်အတွင်း ဒူဘိုင်းတွင် World Expo 2020 ပြခန်းနေရာ၊ ဒူဘိုင်းမီးရထားစနစ်ချဲ့ ထွင်ခြင်းနှင့် ဗူ Makအသကာ နိုင်ငံတကာ လေဆိပ်များကို တည်ဆောက်သွားမှာပါ။လက်ရှိဒူဘိုင်း၏နာမည်အကျော်ကြားဆုံး Palm Jumeriah ကျွန်းတုတွင် ဟိုတယ်များ၊ ဗီလာများနှင့် အိမ်ရာများကို မြင်တွေ့နိုင်သလိုကျွန်းတု တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၀၉ ခုနှစ် အကြွေးပြဿနာကြောင့် ဆိုင်းငံ့ထားခဲ့ရခြင်းဖြစ်ပါတယ်။








