အစိုးရကို အသိပေးဖို့ ကမ်းခြေဖက်ရှင်နဲ့ ကားလမ်းမပေါ်ရောက် မော်ဒယ်
26 May 2017 1,716 Views

မြို့တွင်းလမ်းတွေဆိုးရွားစွာပျက်စီးနေလို့ လမ်းပြင်ဖို့ လိုအပ်နေကြောင်းကို ပညာသားပါပါ အသိပေးလိုက်တဲ့ ရုရှားမော်ဒယ် အကြောင်းတင်ပြလိုက်ပါတယ်၊အဆိုပါ လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူက မော်ဒယ်ဖက်ရှင်ဘလော်ဂါ တစ်ယောက်ဖြစ်တဲ့ Anna Moskvicheva ဖြစ်ပါတယ်။အခုလို လုပ်ဆောင်ချက်ကတော့ Saratov မြို့ မှာရှိတဲ့ လမ်းတွေဟာ တကယ်လည်း စုတ်ပြတ်နေပြီး ပြင်ပြင်ဖို့ လိုနေလို့လုပ်ဆောင်တာပါလို့သတင်းမှာ ဖော်ပြထားပါတယ်။ ရိုးရှင်းတဲ့ ရေကူးဝတ်စုံကိုဝတ်ဆင်ထားတဲ့ Anna Moskvicheva က ကမ်းခြေသွားစတိုင်နဲ့အတူ ချိုင့်ခွက်ဖြစ်ပြီး ရေ၀ပ်နေတဲ့ လမ်းပေါ်မှာ သွားပြီး ဓါတ်ပုံရိုက်ခဲ့တာပါ။ကမ်းခြေပုံစံဖြစ်စေဖို့ ဘဲပုံစံ ဘောကွင်းကိုပါ ယူပြီး ကမ်းခြေ၊ရေကူးကန်မှာ တကယ်ဓါတ် ပုံသွားရိုက်သလိုမျိုး ပြင်ဆင်ခဲ့လို့ အားပေးဖောက်ခံသူများစွာကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် ရာသီကမ်းခြေဆောင်း ဦးထုပ် တစ်လုံး ကိုပါ ဆောင်းထားပြီး ရေ၀ပ်နေတဲ့ ချိုင့်ကြီးမှာ Pose ပေးခဲ့တာပါ။
.jpg)




ရုရှား လူမှုကွန်ရက်မှာတော့ Anna Moskvicheva ပုံတွေအတွက် အားပေးထောက်ခံသူများ လျှက်ရှိပါတယ်။ လက်ရှိမှာတော့ လမ်းပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာက ဘယ်လို ဆောင်ရွက်မလဲဆိုတာ သတင်းမှာတော့ တိတိကျကျမဖော်ပြထားပါဘူး။







