ရုပ်ရှင်ဥပဒေကို လွှတ်တော်ထဲရောက်ဖို့ကြိုးစားနေတဲ့ လူမင်း
26 May 2017 1,832 Views

ရုပ်ရှင်ဥပဒေကနောက်ဆုံး Find Draft တော့ပြီးနေပါပြီ။ ဘယ်နေရာမှာကြန့်ကြာနေသလဲဆိုတော့လောကသားတွေကိုချပြပြီး အကြံဥာဏ်တောင်းတဲ့အချိန်မှာ အကြံပြုစာ နှစ်ယောက်ပဲ တက်တယ်။ ဒါကြောင့် အကြံပြုအဖွဲ့နဲ့ ဆွေးနွေးနေတုန်းပါ။ ပြီးရင်လောကသားတွေကိုချပြပြီး လွှတ်တော်တင်တဲ့ အဆင့်ကို လုပ်ရမယ် ။ဥပဒေဆိုတာက ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေနဲ့က အရမ်းကို အလှမ်းဝေးနေတယ်။
ကျွန်တော်တို့ ကိုယ်တိုင်လဲ ဒီဥပဒေ ဖြစ်ဖို့အကြိမ်ပေါင်း သုံးလေးဆယ် အစည်းအဝေးထိုင်ပြီးမှ ရေးဆွဲခဲ့တာပါ ။ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ဥပဒေ ဆိုတာကြီးကို တကူးတကဖက်မှတ်ပြီး အကြံပြုဖို့ အရမ်းအလှမ်းဝေးတယ်။ ဖြစ်လာမှ သာ ၀ိုင်းလက်ညိုးထိုးကြတာလေ။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ အဆင့်ဆင့် ကိုတော့ လုပ်သွားပါတယ် .။
ဥပဒေဆိုတာက ဖြစ်ပြီးသွားရင်လည်း အရမ်းကြီး စိုးရိမ်စရာတော့မရှိပါဘူး ။ အရင်လောကသားတွေကို ချပြရမယ်။ ပြီးရင် သတင်းစာတွေထဲမှာလည်းပါတယ် ။ ပထမအဆင့် အရေးကြီး အနေနဲ့ အဓိကကလွှတ်တော်ထဲကိုရောက်သွားဖို့ ပါပဲ ကျွန်တော်လက်ထက်မှာတော့ အကောင်အထည်ဖော်လို့ မရဘူး ။ ဒါပေမယ့် ကျွန်တော်လက်ထက်မှာ လွှတ်တော်ထဲကို အေ၇ာက်ပို့ဖိုကတော့ ကြိုးစားနေပါတယ်” လို့ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ လူမင်း က ပြောသွားခဲ့ ပါတယ်။
Credit:Oasis