BEC-TERO TV

အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီး Pillow

26 May 2017     2,070 Views


မွှေးပျံ့တဲ့ ဒူးရင်းသီး အန့ံအရသာအပြည့်ရမယ့် Durian Pillow လေးဟာ အခုလိုရာသီနဲ့ ကွက်တိပါပဲ။ ဒူးရင်းသီးကို ကြိုက်နှစ်သက်သူတွေ လုပ်စားနိုင်မယ့် Durian Pillow လုပ်နည်းလေးပါ…
 
Durian Pillow လုပ်စားဖို့ -
 
အရင်ဆုံး ဒူးရင်းသီးအသားတွေကို ဇွန်းနဲ့ချေပါ။ ဇလုံတစ်ခုထဲကို အုန်းနို့ (ထမင်းစားဇွန်း ၃ ဇွန်း) ၊ နွားနို့ (ထမင်းစားပန်းကန်လုံး ၁ လုံး) ၊ ဂျုံမှုန့် (ထမင်းစားဇွန်း ၁၀ ဇွန်း) ကို ထည့်ပြီး မွှေပါ။ အရောင်လှဖို့ Food Color အဝါလေး နည်းနည်းထည့်မွှေပေးပါ။ ပြီးရင် မုန့်အရည်ချောမွေ့ဖို့အတွက် ဆန်ကာနဲ့ စစ်ယူပါ။
 
အိုးကို ဆီသုတ်ပါ။ မီးကို အနေတော်လေးထားပါ။ မီးမပြင်းပါစေနဲ့။ မုန့်အရည်ကို ဇွန်းကြီးတစ်ဇွန်းခပ်လောင်းပြီး မုန့်ချပ်အဝိုင်းဖြစ်အောင် အိုးကိုကိုင်ပြီး အသာလှည့်ပေးပါ။

အိုးထဲက မုန့်အရည်ခြောက်သွားရင် ခွာယူပြီး ဗန်းထဲ ထည့်ထားပါ။ နောက်တစ်ချပ်ထပ်လုပ်မယ်ဆိုပါက ဆီထပ်သုတ်ပြီး အလားတူလုပ်နိုင်ပါတယ်။ မုန့်အချပ်လေးတွေရပါပြီ။

Cream လုပ်ဖို့အတွက် Whipping Cream လုပ်ပါမယ်။ (Whipping Cream ဗူးသေးလေးတွေကို စီးတီးမတ်နဲ့ အိုးရှင်းဆိုင်တွေမှာ ဝယ်ယူရရှနိုင်ပါတယ်။) Whipping Cream ကို မွှေဖို့အတွက် ဇလုံကြီးတစ်ခုထဲ ရေခဲနဲ့ ရေခဲရေထည့်ပြီး အဲဒီအပေါ်ကို နောက်ထပ်ဇလုံတစ်ခုထပ်ထည့်ပြီး မွှေပေးရပါမယ်။ Cream မွှေတဲ့အခါ Blender ထဲ ထည့်ပြီး မွှေထားတဲ့ သကြားအမှုန့် ထမင်းစားဇွန်း ၂ ဇွန်း ထည့်မွှေရပါမယ်။ (သကြားကိုအမှုန့်မလုပ်ဘဲထည့်လိုက်ရင် Cream ထဲမှာ သကြားခဲတွေ စားမိတတ်ပါတယ်) Cream မွှေတံပေါ်က Cream လေးတွေရပြီး အောက်ပြန်မကျတော့ရင် Cream ရပါပြီ။

မုန့်အဖတ်လေးတွေပေါ်ကို ဒူးရင်းသီးအနှစ်ထည့်ပါ။ ဒူးရင်းသီးအနှစ်ပေါ်ကနေ Cream ကို ထပ်ထည့်ပါ ပြီးရင် မုန့်ဖတ်လေးကို ဘေးနှစ်ဖက်ခေါက် အပေါ်အောက် ခေါက်လိုက်ရင် Durian Pillow လေးရပါပြီ။

လုပ်ရလွယ်ပြီး အရသာရှိတဲ့ Durian Pillow လေးပါ။

Ref : My Yangon
 


26 May 2017     2,070 Views




RELATED

Most Popular of Food

Most Popular of Life Style