BEC-TERO TV

အမျိုးသားအင်္ဂါမှာ တက်တူးထိုးမယ့် အာဂလူသား

26 May 2017     1,612 Views


တောင်အာဖရိကက လူမည်းတစ်ဦးဟာ သူ့ရဲ့အမျိုးသားအင်္ဂါအသစ်ကို တက်တူးထိုးဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။အဆိုပါအမျိုးသားက ကမ္ဘာပေါ်မှာ တတိယမြောက် အမျိုးသားအင်္ဂါအစားထိုးခဲ့တဲ့သူပါ။ သူ့ကို အမျိုးသားအင်္ဂါ လှူဒါန်းခဲ့သူဟာ လူဖြူတစ်ဦးဖြစ်ပါတယ်။ဒါကြောင့် အခုလို တက်တူးထိုးဖို့ စီစဉ်နေတာဖြစ်တယ်လို့ စပွန်းနစ်သတင်းမှာဖော်ပြထားပါတယ်။လက်ရှိမှာ အသက်(၄၀)အရွယ် ရှိတဲ့ အဆိုပါ လူမည်းအမျိုးသားဟာ အမျိုးသားအင်္ဂါအရေပြားလှီးဖြတ်ရာကနေ သူ့ရဲ့အမျိုးသားအင်္ဂါကို ဆုံးရှုံးခဲ့ရတာပါ။

ဒါကြောင့် အမျိုးသား အင်္ဂါအစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူမည်အမျိုးသားဖြစ်ပေမယ့် လူဖြူအမျိုးသား အလှူရှင်ရှိ နေရတာကတော့ အမျိုးသားအင်္ဂါ အလှူရှင်ဟာ ရှားပါးတာကြောင့် တစ်ခုတည်းသော လူဖြူရဲ့အမျိုးသားအင်္ဂါနဲ့ အစားထိုးပေးခဲ့တာဖြစ်တယ်လို့ တိုင်ဂါဘာ့ဂျ်ဆေးရုံက ပါမောက္ခက ပြောပါတယ်။ လူမည်းအမျိုးသားအတွက် အစားထိုးခွဲစိတ်ပြီးနောက်(၆)လကနေ (၈)လအတွင်း ဆေးဘက်ဆိုင်ရာ တက်တူးထိုးနိုင်မှာပါ။


26 May 2017     1,612 Views




RELATED

Most Popular of Special or Others

Most Popular of NEWS