BEC-TERO TV

ရေထဲကိုက်ဆွဲသွားတဲ့ ဖျံဆီက မြေးကိုရအောင်ပြန်ကယ်ခဲ့တဲ့အဖိုး

26 May 2017     1,926 Views


အသက် ၆ နှစ်အရွယ်ကလေးမလေးဟာ အဘိုးအဘွားတွေနဲ့အတူ အပြင်ထွက်လည်ရင် ဖျံတွေကို အစာသွားကျွေးခဲ့ပါတယ်။ ကလေးမလေးက ဖျံကို အနီးကပ်ကြည့်ဖို့ သွားပြီး ဘောင်လေးမှာထိုင်လိုက်ချိန်မျာ ဖျံက ရေထဲကို ကိုက်ဆွဲခဲ့တာပါ။
 
ဒါပေမယ့် အဖိုးဖြစ်သူက သူ့မြေးကျကျခြင်းမှာပဲ ဆင်းပြီး ရအောင် ပြန်ကယ်ခဲ့ပါတယ်။ အဖိုးဖြစ်သူရဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုကို လူတွေက သူရဲကောင်းဆန်တယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။
 
ဒါပေမယ့် အဖြစ်မှန်ကိုမသိကြသေးခင်မှာတော့ ကလေးမလေးကို ဖျံကိုအစာကျွေးတဲ့နေရာမှာ အန္တရာယ်ရှိတဲ့ ပုံစံမျိုးထားထားလို့ သူ့မိဘတွေကို အပြစ်ဝိုင်းတင်ခဲ့ကြပါတယ်။
 
ကလေးမလေးဟာ အခုချိန်မှာ ပိုးသတ်ဆေး ပြင်းပြင်းတွေကို သောက်နေရပါတယ်။ ဖျံကိုက်ဆွဲတာကြောင့် အပေါ်ယံဒဏ်ရာလောက်ပဲ ရခဲ့ပေမယ့် ဖျံရဲ့သွားမှာ ဘတ်တီးရီးယားပိုးမွှားတွေ တွေ့ရတာကြောင့် Seal Finger လို့ခေါ်တဲ့ ရောဂါဖြစ်လာမှာ စိုးရိမ်ရပါတယ်။

26 May 2017     1,926 Views




RELATED

Most Popular of Special or Others

Most Popular of NEWS