BEC-TERO TV

ချစ်သူနှစ်ယောက်ရဲ့ ကလေးတွေအဖေ ဖြစ်လာတော့မယ့် ကံထူးရှင်အမျိုးသား

29 May 2017     1,262 Views


“မုန့်ကိုသာ ဝေစားမယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူး” ဆိုတဲ့ စကားအတိုင်း ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်သူကို ဘယ်သူနဲ့မှ အတူမျှဝေ မချစ်နိုင်ကြတာ သဘာဝတရားပါ။ အဲဒီသဘာဝတရားကြီးကို ကျော်လွန်ပြီး ချစ်သူမိန်းကလေး နှစ်ယောက်နဲ့ တစ်အိမ်ထဲမှာ အတူနေကြပြီး နှစ်ယောက်လုံးရဲ့ ကလေးအဖေဖြစ်လာတော့မယ့် Adam Lyons ဟာ အတော်လေး ကံထူးတဲ့ ငနဲလို့ ဆိုရမှာဖြစ်ပါတယ်။

 

အသက် ၃၆ နှစ်အရွယ် Adam ဟာ အရင်က လန်ဒန်မြို့အရှေ့ပိုင်းမှာ နေထိုင်ခဲ့ပေမယ့် တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ Brooke Shedd နဲ့ Jane Shalakhova ဆိုတဲ့ ချစ်သူအမျိုးသမီးနှစ်ဦးနဲ့ အတူနေထိုင်ပါတယ်။
Brook နဲ့အတူရထားတဲ့ အသက် ၂ နှစ်အရွယ် Dante ဆိုတဲ့ သားတစ်ဦးရှိပြီး အခုနောက်ထပ် Jane က ကိုယ်ဝန်လွယ်ထားရပြန်ပြီဖြစ်လို့ အမျိုးသမီးနှစ်ဦးလုံးရဲ့ ကလေးအဖေ ဖြစ်လာတော့မှာဖြစ်ပါတယ်။

 

သမရိုးကမဟုတ်တဲ့ ဘဝကိုတည်ဆောက်ထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့သုံးဦးလုံးရဲ့ အတွေးအခေါ်တွေကလည်း ထူးဆန်းနေပါတယ်။ သုံးယောက်လုံး အလုပ်လုပ်ကြပြီး မွေးလာတဲ့ကလေးတွေက သူများတွေနဲ့မတူပဲ အုပ်ထိန်းသူ မိခင်ဖခင် သုံးယောက်ရှိတာကြောင့် ပိုပြီးပြီးပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်ထားကြသူတွေလို့ ယုံကြည်ကြပါတယ်။
 
သမရိုးကျအိမ်ထောင်မဟုတ်တဲ့ မိသားစုကြားမှာ မွေးဖွားလာတဲ့ သားလေး Dante ကတောင် သူ့မှာ အမေနှစ်ယောက်နဲ့ အဖေတစ်ယောက်ရှိတာကို ထူးဆန်းတယ်လို့ မမြင်ပါဘူး။

 

သူတို့သုံးဦးရဲ့ အိမ်ထောင်ရေးကို အစပိုင်းမှာ ပြင်းထန်တဲ့ ရှုံ့ချဝေဖန်မှုတွေ ကြုံခဲ့ရပြီး ကြာကြာခံမှာမဟုတ်ပါဘူးလို့ ထင်ကြေးပေးခဲ့ကြပေမယ့် အိမ်ထောင်သက် ၅ နှစ်ထိ ကြာရှည်ခိုင်မြဲနေပြီး အခုဆိုရင် သားသမီးတွေတောင် ရလာပြီလို့ Adam က ဆိုပါတယ်။
 
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Jane က သူမဟာ အရင်က လုံးဝကလေးမလိုချင်ခဲ့သူဖြစ်ပြီး သုံးယောက်ပေါင်း တစ်ကမ္ဘာတည်ဆောက်လိုက်တဲ့အခါမှာတော့ ကလေးယူတယ်ဆိုတာ ဘာမှပြဿနာမဟုတ်တော့ကြောင်း ဝန်ခံခဲ့ပါတယ်။
 
“ကလေးယူလိုက်ရင် မိဘတွေဟာ အဲ့ဒီကလေးအတွက်ပဲ မြုတ်နှံလိုက်ရပြီး ကလေးရဲ့ ကျွန်လုံးလုံး ဖြစ်တော့တာပဲ၊ ကျွန်မ မျက်စိရှေ့မှာ မိဘတွေ လယ်လောက်ရုံးကန်နေရလဲဆိုတာ မြင်နေရတာပဲလေ။ ဒါပေမယ့် Adam နဲ့ Brooke တို့ Dante ကိုမွေးလာတဲ့အခါကျတော့ ကျွန်မကြည့်မိတယ် ကလေးတစ်ယောက်မှာ မိဘ သုံးယောက်ရှိလာတော့ တာဝန်တွေအားလုံးကို ဝေမျှယူနိုင်တဲ့အတွက် ဒါဟာ အခက်အခဲကြီးမဟုတ်တော့ဘူးဆိုတာ သိလာတယ်၊ ဒါကြောင့် အခုကလေးယူတာပါ” လို့ Jane က ပြောကြားခဲ့ပါတယ်။

 

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Brooke ကတော့ အရင်ကချစ်သူဟောင်းနဲ့ အသက် ၇ နှစ်အရွယ် Oliver ဆိုတဲ့ သားတစ်ဦး ရှိပြီးသူဖြစ်လို့ Dante ဟာ သူမရဲ့ ဒုတိယသားတစ်ဦး ဖြစ်ပါတယ်။
 
“Jane ကိုယ်ဝန်ရလာတော့ ကျွန်မအရမ်းပျော်တာပဲ၊ သူ့ဗိုက်စူစူလေးနဲ့ စကားတွေပြောရတာ သိပ်သဘောကျတယ်။ ကျွန်မက သား ၄ ယောက်ရချင်တာဆိုတော့ မကြာခင် ကျွန်မအိမ်မက်တွေ တစ်ကယ်ဖြစ်လာတော့မယ်။ ဒါပေမယ့် Jane နဲ့ Adam ကတော့ သမီးမိန်းကလေး လိုချင်နေကြတယ် ဒါကြောင့် နောက်ထပ်ကလေးတစ်ယောက် ထပ်ယူဖို့ကိုလည်း ကျွန်မတို့အားလုံး သဘောတူထားကြတယ်” ဟု ဝမ်းသာအားရဆိုသည်။

 

 

သူတို့သုံးဦးဟာ ကလေးတွေထပ်ယူဖို့ အစီစဉ်တွေရှိသလို တရားဝင်မင်္ဂလာပွဲကျင်းပဖို့လည်း အစီစဉ်ရှိပါတယ်။ အများနဲ့မတူတဲ့ မိသားစုတစ်ခုကို တည်ထောင်ထားပေမယ့်လည်း ပျော်ရွှင်မှုဟာ အဓိကကျကြောင်း အခြားသူတွေကိုလည်း သိစေချင်တယ်လို့ ဆိုပါတယ်။
 
“ကျွန်တော်တို့ သုံးယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပါပဲ၊ သုံးယောက်လုံး အပြင်မှာ အပျော်ရှာနေကြပေမယ့် ရိုးသားမှုတော့ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုကမ္ဘာထဲကို နောက်ထပ်တစ်ယောက်ကို ထပ်ထည့်ဦးမယ်ဆိုရင်လဲ တံခါးဖွင့်ထားဆဲပါ ဒါပေမယ့် ကလေးတွေအတွက် အချိန်ပေးရတော့မှာမို့ သိပ်တော့ အချိန်မရတော့ပါဘူး” ဟု Adam က ဆိုပါတယ်။


 


29 May 2017     1,262 Views




RELATED

Most Popular of Special or Others

Most Popular of NEWS