BEC-TERO TV

ဆီးချို၊ အဝလွန်နဲ့ အသားပိုရောဂါတွေကို ကင်းပစေမယ့် ရေခဲသံပယို

29 May 2017     1,587 Views


လီမွန်လို့ခေါ်တဲ့ သံပယိုသီး အဝါရောင်အလုံးကြီးတွေဟာ ကျန်းမာရေးအတွက် အကျိုးထူးစေတယ်ဆိုတာကို ယေဘုဘျအားဖြင့် လူအတော်များများ သိထားပြီးဖြစ်ပါလိမ့်မယ်။ လီမွန်မှာပါတဲ့ ဗီတာမင်စီက လူရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်းက ကိုလက်စထေရာကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း တားဆီးပေးပါသေးတယ်။

 
သံပယိုသီးရဲ့အခွံမွာပါတဲ့ဓာတ်က လူ့ခန္ဓာကိုယ်ထဲက အသုံးမဝင်တဲ့ အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ ပရော့စတိတ်ကင်ဆာနဲ့ ပန်ကရိယကင်ဆာတို့အပါအဝင် ကင်ဆာ (၁၂) မျိုးကို ဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေကိုလည်း သုတ်သင်ရှင်းလင်းပေးပါတယ်။
 
အဆိုပါဓာတ်သဘာဝများအားလုံးဟာ သံပယိုသီးရဲ့အခွံနဲ့ အတွင်းဖော့နေရာတွေမှာ ပါဝင်မှုက အသားမှာ ပါဝင်မှုထက် ပိုမိုများပြားတာကြောင့် ဖေျာ်ရည်လုပ်သောက်တဲ့နေရာမှာ အသားကို အရည်ညှစ်တဲ့ Juice ထက်စာရင် တစ်လုံးလုံးကို ကြိတ်ချေညှစ်တဲ့ Smoothie က ကျန်းမာရေးအတွက် ပိုမိုထိရောက်စေနိုင်ပါတယ်။
 

 

ဒါ့အပြင် သံပယိုရဲ့အစွမ်းက အေးခဲနေတဲ့အချိန်မှာ ပိုပြီး ဆတိုး စေတာကြောင့် အေးခဲထားပြီးမှဖျော်ရည်လုပ်သောက်တာ၊ အစားအစာတွေထဲမှာ ထည့်သုံးတာက ပိုပြီးအကျိုးများစေပါတယ်။
 
သံပယိုသီးကို ရေစင်စင်ဆေးပြီး အစိပ်လေးတွေ စိပ်ကာ ရေခဲသေတ္တာပေါ်ထပ် အသားငါးထားရာ အအေးခန်းထဲမွာ တစ်ညခန့်သိပ်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ရေခဲခွက်ထဲထည့်ပြီးလည်း ရေခဲထားနိုင်ပါသေးတယ်။ ရေခဲသံပယိုသီးကို လိုသလိုအသုံးပြုပြီး ကျန်းမာရေးအတွက် အထောက်အပံ့တွေ အများကြီးရနိုင်ပြီဖြစ်ပါတယ်။

 


29 May 2017     1,587 Views




RELATED

Most Popular of Health Fix

Most Popular of Life Style