BEC-TERO TV

စိတ်ကြွဆေးပြားများသယ်ဆောင်သည့် ခိုတစ်ကောင် ဖမ်းဆီးခံရ

29 May 2017     1,612 Views


ကျောပိုးအိတ်ထဲတွင် ဆေးကြွဆေးပြားများထည့်ကာ ဖြန့်ဖြူးနေသည့် ခိုငှက်တစ်ကောင်ကို ရုံးဌါန အဆောက်အအုံများကြားတွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ကူဝိတ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးသူများက ရိပ်မိရန်ခက်ခဲလှသည့် နည်းလမ်းအဖြစ် ခိုငှက်ကို အသုံးပြုပြီး စိတ်ကြွဆေးများကို ဖြန့်ဖြူခဲ့ခြင်းဖြစ်သည်။ ခိုငှက်၏ ကျောပေါ်တွင် ကျောပိုးအိတ်ငယ်လေး ချည်နှောင်တပ်ဆင်ထားပြီး အဆိုပါအိတ်ထဲမှ စိတ်ကြွဆေးပြား ၂၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


အီရတ်တွင် ခိုငှက်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးမှုကို လုပ်ဆောင်နေပြီး ယခုအခါ ကူဝိတ်တွင်ပါ အဆိုပါနည်းကို အသုံးပြုလာကြခြင်းဖြစ်သည်။ စိတ်ကြွဆေးပြားများ ပေးပို့သူနှင့် လက်ခံမည့်သူကို လက်တလောတွင် မသိရှိနိုင်သေးသော်လည်း ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 


29 May 2017     1,612 Views




RELATED

Most Popular of International News

Most Popular of NEWS