BEC-TERO TV

လက်တွေ အမြဲအေးနေရတာ ဘာကြောင့်လဲ

29 May 2017     1,314 Views


သူငယ်ချင်းတွေကြားထဲမှာ အမြဲတမ်းလက်တွေ အေးစက်နေတတ်တဲ့ သူငယ်ချင်း တစ်ယောက်လောက်တော့ ကြုံဖူးကြမှာပါ။ ဒီလိုမျိုးအမြဲတမ်း လက်တွေအေးစက်နေရတဲ့ အကြောင်းရင်းကို သူကိုယ်တိုင်လဲ သိချင်မှာပါ။
 
လက်တွေအေးစက်နေတဲ့အခါ အကြောတွေတက်နေလား ? ပခုံးကြောတွေ တင်းနေလား ? ဆိုတာကို သတိထားကြည့်ပါ။ ပခုံးကြောတွေ တင်းနေချိန်မှာလဲ လက်တွေအေးစက်နေတတ်ပါတယ်။ ကွန်ပြူတာရှေ့မှာ အချိန်ကြာညောင်းစွာ အလုပ်လုပ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အကြောတွေတက်နေလို့ လက်မောင်းအောက်က သွေးကြောမျှင်လေးတွေရဲ့ စီးဆင်းမှုဟာ နှေးသွားပြီး လက်တွေ အေးနေရတာ ဖြစ်ပါတယ်။
 
တစ်နေ့လုံးလက်တွေ အေးစက်နေတာမျိုး၊ ကွန်ပြူတာရှေ့ထိုင်တဲ့အချိန်မဟုတ်တောင် အေးစက်နေတာမျိုးဆိုိရင်တော့ ပြဿနာရှိပါတယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

ကြွက်သားတင်းရင်းမှုကို ပြေလျော့အောင် နှိပ်နယ်ပေးတာ ၊ အကြောတက်လာရင် ဆားကြပ်ထုပ်ထိုးတာ ၊ အကြောလျော့တာတွေကိုလည်း လုပ်ပေးသင့်ပါတယ်။

Source : Duwun


29 May 2017     1,314 Views




RELATED

Most Popular of Health Fix

Most Popular of Life Style