Budweiser ဘီယာအတု ထုတ်လုပ်သည့်စက်ရုံ ဖမ်းဆီးခံရ
30 May 2017 1,738 Views
အမေရိကန်နံမည်ကျော် ဘီယာအမှတ်တံဆိပ်နှင့် ဘီယာအတုများ တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသာ အိမ်းတွင်းစက်မှုလက်မှု ဘီယာစက်ရုံတစ်ခုကို တရုပ်နိုင်ငံ ဒေါင်ဂွန်းဒေသမှာ အာဏာပိုင်တွေက တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
စက်ရုံဟာ အသုံးပြုပြီးသား Budweiser ဘီယာဗူးခွံတွေကို အခြားဘီယာအရည်များ ဖြည့်တင်းကာ သံဗူးအဖုံးပိတ်စက်ကို အသုံးပြုပြီး Budweiser ဘီယာအတုကို ထုတ်လုပ်ဖြန့်ဖြူးခဲ့တာဖြစ်ပါတယ်။ အဆိုပါစက်ရုံဟာ တစ်ရက်လျှင် Budweiser ဘီယာဗူးအတုပေါင်း သိန်းနဲ့ချီ ထုတ်လုပ်နေတာဖြစ်ပါတယ်။

မေလ ၅ ရက်နေ့က အဆိုပါစက်ရုံကို အာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ တစ်လလျှင် Budweiser Beer ပါကင်ပေါင်း ၆ သိန်းကျော် ထုတ်လုပ်ဖြန့်ဖြူးခဲ့ကြောင်း သိရှိရသည်။
Budweiser Beer အတုတွေ ထုတ်လုပ်ပုံကို ဗီဒီယိုနှင့်တစ်ကွ ကြည့်ရှုနိုင်ပါသည်။







