BEC-TERO TV

ကားပါကင်အစောင့်ကို ဖြတ်ကြိတ်ပြီး ပါကင်အတင်းဝင်ထိုး

30 May 2017     1,930 Views


ကမ္ဘာနိုင်ငံရဲ့ မြို့ကြီးအသီးသီးမှာ ကားတွေများလာတာနဲ့အမျှ ကားရပ်နားစရာ ကားပါကင်တွေ မလုံမလောက်တဲ့ ပြဿနာကို နေရာအတော်များများမှာ တွေ့ကြုံနေကြရပါတယ်။ တစ်ခါတစ်ရံ ကားရပ်နားစရာနေရာရဖို့ အကြိမ်များစွာ ပတ်မောင်းပြီး ပါကင်ရှာရတာမျိုး၊ ကိုယ်သွားချင်တဲ့ နေရာနဲ့ အတော်ဝေးဝေးမှာ ကားကို ထားခဲ့ရတာမျိုးတွေ ကြုံရတတ်ပါတယ်။
 
ဒီလိုစိတ်အခန့်မသင့်စရာတွေ ကြုံရတဲ့အခါ ကားမောင်းသူတွေရဲ့ သီးခံနိုင်စွမ်းကလည်း မရှိသလောက်ဖြစ်လာပြီး ဖြစ်ချင်ရာဖြစ် ထင်ရာဆိုင်းတဲ့ အဖြစ်မျိုးကို ရောက်သွားတတ်ပါတယ်။
 
တရုပ်နိုင်ငံက ကားပါကင်တစ်ခုမှာ ကားပါကင်အစောင့်က မာစီဒီးအမျိုးအစား ကားတစ်စီးကို ပါကင်ထဲ မဝင်ရအောင် တားမြစ်နေပါတယ်။ ဒါပေမယ့် ကားရပ်နားဖို့ တစ်နေရာစာ အသေရရ အရှင်ရရ လိုချင်နေတဲ့ မာစီးဒီမောင်းသူဟာ အတင်းဝင်ဖို့ ကြိုးစားပါတယ်။ ဒီအခါမှာ အစောင့်က ကားရှေ့ကနေ ပိတ်ရပ်ပြီးတားပါတယ်။ ကားမောင်းသူက ကားကို တရွေ့ရွေ့တွန်းမောင်းရင် အစောင့်ကို ဖြည်းဖြည်းချင်း ကားနဲ့တွန်းပါတယ်။
 
 
နောက်ဆုံးမှာတော့ အစောင့်က မင်းဘားလုပ်မလဲဆိုတဲ့သဘောနဲ့ ကားရှေ့မှာ လှဲချလိုက်ပါတယ်။ သူဟာ မာစီးဒီးမောင်းသူကို လျှော့တွက်လိုက်ပုံရပါတယ်။ ကားသမားက ဂရုမစိုက်ပဲ သူ့အပေါ်က ဖြတ်မောင်းသွားခဲ့ပါတယ်။ 
 
 
အဆိုပါဗီဒီယိုဟာ တရုပ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကားပါကင်အစောင့်ဟာ ဒဏ်ရာအနာတရ တစ်စုံတစ်ရာမရရှိခဲ့ပဲ ကားဗိုက်အောက်က သီသီလေးလွတ်ထွက်သွားခဲ့တယ်လို့ တရုပ်ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး အမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
 

30 May 2017     1,930 Views




RELATED

Most Popular of Special or Others

Most Popular of NEWS