BEC-TERO TV

အတိုအထွာ ဝတ်ဆင်မှုကိုနှစ်သက်လွန်းအားကြီးတဲ့ မိန်းကလေး

30 May 2017     1,264 Views


အမျိုးသမီးတွေ ဝတ်ဆင်မှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုထင်မြင်ချက်၊ဘယ်လိုမှတ်ချက်မှ မလိုအပ်ကြောင်း၊မိန်းကလေးတွေ ဝတ်စားဆင်ယင်မှုအတွက် သင့်တော်၏၊မသင့်တော်၏ဆိုတာကို ဆုံးဖြတ်ချက်ပေးနေတာတွေကို ရပ်တန့်သင့်ကြောင်း၊ အမျိုးသမီးတွေ ဝတ်လိုရာကို ဝတ်ခွင့်ပေးခြင်းကို အပြည့်အ၀ ခွင့်ပြုသင့်တယ်လို့ Criselda Austria က လူမှုကွန်ရက်ကနေ လှုံ့ဆော်လိုက်ပါတယ်။

Criselda Austria ကိုယ်တိုင်က အတိုအထွာ ဝတ်ဆင်မှုကိုနှစ်သက်စွဲလမ်းတာကြောင့် အတိုအထွာ အဝတ်အစားတွေကို ဝတ်ဆင်ရတာ သဘောကျကြောင်း၊သူနေထိုင်ရာ ဖိလစ်ပိုင်က မိုးရာသီမှာစိုစွတ်ပြီး ၊နွေရာသီမှာ ပူအိုက်တက်တာကြောင့် အခုလို ဝတ်ဆင်မှုက ရာသီဥတုနဲ့ကိုက်ညီကြောင်း၊အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ နိုင်ငံဖြစ်တာကြောင့် အတိုအထွာဝတ်ဆင်ခြင်းက ပိုမိုသင့်တော်ကြောင်း အတိအလင်းပြောဆိုထားပါတယ်။

အဆိုပါပြောဆိုမှုအပေါ် အမျိုးသမီးတွေကိုယ်တိုင် ထောက်ခံသူရှိသလို၊ကန့်ကွက်သူတွေလည်း ပေါလှပါတယ်။ ဝေဖန်သူတွေက “Rape Culture ” ဆိုတဲ စကားလုံးနဲ့ တိုက်ရိုက်ဝေဖန်ကြပါတယ်။ လက်ရှိမှာတော့ “Rape Culture ” လုပ်ဆောင်မှုအဖြစ် အတိုအထွာဝတ် စားဆင်ယင်မှုကို ကန့်ကွက်နေကြသူများပါတယ်။“Rape Culture ” ဆိုတာက ၁၉၇၀ နှစ်ဝန်းကျင်လောက်ကပေါ်လာပြီး၊အလိုမတူ အဓမ္မကျင့်ခြင်းကို အားပေးအားမြှောက်ပြုနေတဲ့ ဝတ်စားဆင်ယင်မှုကို အသားပေးတယ်လို့ ရည်ညွှန်းကြပါတယ်။


30 May 2017     1,264 Views




RELATED

Most Popular of Special or Others

Most Popular of NEWS