BEC-TERO TV

သုံးစွဲသူ ၅ သန်းကျော်ရှိနေတဲ့ လိင်တူချစ်သူ အပလီကေးရှင်း အပြီးတိုင်ပိတ်သိမ်း

30 May 2017     1,280 Views


“Rela” App သည် လိင်တူချစ်သူများအချင်းချင်း ချိန်းဆို တွေ့ဆုံနိုင်ရန်အတွက် ရည်ရွယ်ဖန်တီးထားသော အပလီကေးရှင်းတစ်ခုဖြစ်ပြီး တရုပ်နိုင်ငံတွင် မှတ်ပုံတင် သုံးစွဲနေကြသူပေါင်း ၅ သန်းကျော်ရှိနေသည့် ထိပ်တန်း မိုဘိုင်း အပလီကေးရှင်း တစ်ခုဖြစ်သည်။
 
 
လွန်ခဲ့သည့် သီတင်းပတ်က တရုပ်နိုင်ငံ People’s Park တွင် ရှိသော မင်္ဂလာပွဲများ စီစဉ်ပေးသည့် ဆိုင်များရှိရာနေရာတွင် လိင်တူချစ်သူများ၏ မိဘအချို့က လိင်တူချစ်သူများ၏ အခွင့်အရေးကို စိတ်ဝင်စားလာစေရန် လှုံ့ဆော်ခဲ့သည့်အတွက် လုံခြုံရေးနှင့်ရဲများ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ 
 
 
အဆိုပါကိစ္စကြောင့် “Rela” App ကို အပြီးတိုင် ပိတ်ခဲ့ခြင်းသည့်အပြင် တရုပ်လူမှုကွန်ယက် Weibo ပေါ်တွင်လည်း “Rela” အကောင့်ကိုပါ ဖျက်သိမ်းသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အဆိုပါ အပလီကေးရှင်းကို ရယူနိုင်သော Apple Store နှင့် Google Play Store ပေါ်တွင်ပါ မရှိတော့သကဲ့သို့ အပလီကေးရှင်း သွင်းယူပြီးသူများလည်း ထပ်မံ၍ အသုံးမပြုနိုင်တော့ကြောင်း သိရှိရသည်။
 
၂၀၁၂ ခုနှစ်က ရှန်ဟိုင်းတွင် စတင်ခဲ့သော “Rela” App တရုပ်နိုင်ငံအတွင်းရှိ ယောက်ျားမများအကြား အပြန်အလှန်ရှာဖွေ ဆက်သွယ်နိုင်ရန် ရည်ရွယ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်အရောက်မှာတော့ တရုပ်နိုင်ငံ၏ ထိပ်တန်း လိင်တူချစ်သူများအသုံးပြုသည့် App တစ်ခုဖြစ်လာခဲ့သည်။
 
 
တရုပ်နိုင်ငံ ချစ်သူများနေ့က လိင်တူကိုသာ စိတ်ဝင်စားကြသည့် သားသမီးများအတွက် ယင်းတို့၏ မိဘများက “Rela” App ကိုအသုံးပြုပြီး စုရုံးကာ People’s Park အတွင်း လိင်တူချစ်သူများအရေးကို လုပ်ဆောင်ခဲ့ကြပြီး အာဏာပိုင်များက နှိပ်နင်းခဲ့သည့်အတွက် “Rela” App က အပြီးတိုင် ပိတ်သိမ်းခဲ့ရကြောင်း သိရှိရသည်။
 

30 May 2017     1,280 Views




RELATED

Most Popular of Special or Others

Most Popular of NEWS