BEC-TERO TV

“ကုလား” စကားလုံးရေးသားလို့အကောင့်ပိတ်ခံရမှုကို ဖေ့စ်ဘွတ်ရှင်းလင်း

30 May 2017     1,420 Views


ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်မှာ “ကုလား” ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်က အချိန်အနည်းငယ်အတွင်းအရေးယူမှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ပြည်တွင်းအင်တာနက်သုံးစွဲသူတွေ အကြားဝေဖန်မှုမြင့်တက်လာပါတယ်။အမုန်းပွားစေတဲ့ စကားလုံးတွေ၊စကားစုတွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်က

လုပ်ဆောင်ချက်အသစ်တွေနဲ့ အမုန်းစကားဖြန့်ဝေနေတာတွေကို တားဆီးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားတွေ ရှိနေချိန်မှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့မှာ အခုလိုဆောင်ရွက်မှုတွေကို လုပ်နေတာဖြစ်ပါတယ်။လက်ရှိမှာ ကမ္ဘာတဝန်း ဘာသာစကား ၇၀ ကျော်နဲ့ သုံးစွဲသူ သန်း ၂ ထောင်နီးပါးရှိနေတဲ့ Facebook က “ကုလား” ဆိုတဲ့ ဝေါဟာစကားလုံးနဲ့ပတ်သက်ပြီး Status တင်သူတွေသာမက Messenger ကနေ အဆိုပါဝေါဟာရစကားလုံး ရေးသားသူတွေကိုပါ အရေးယူခဲ့တာပါ။ အရေးယူရာမှာ Post ကိုဖယ်ရှာခြင်း၊အကောင့်ကို ဖယ်ရှာခြင်း၊ယာယီ အကောင့်ပိတ်ခြင်းအပြင် Messenger ခဏတာ ပိတ်ခြင်း အစရှိတဲ့အရေးယူမှုတွေကို လုပ်ဆောင်ခဲ့တာပါ။ “ကုလား” ဆိုတဲ့ စကားလုံးကို မြန်မာဘာသာနဲ့ရေးသားသူတွေအပြင် “ကုလားကား”၊ “ကုလားပဲ” ၊“ကုလားထိုင်” ၊“ကုလားသီချင်း” အစရှိတဲ့ ပုံမှန်စကားလုံးတွေရေးသားသူတွေကိုပါ အရေးယူမှုတွေလုပ်ဆောင်ခဲ့တာပါ။ မြန်မာအစိုးရကတော့ အဆိုပါလုပ်ဆောင်မှုအတွက် ဖေ့စ်ဘွတ်ကို ဖိအားပေးတောင်းဆို မှုမလုပ်ခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေ၊ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ NGOအဖွဲ့တွေရဲ့အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ခုလို တားဆီးပိတ်ပင်မှုတွေကို အခုလို ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။“ဒီရက်ပိုင်းအတွင်းတော့ ပြန်လည်တိုင်ကြားမှုတွေ သန်းနဲ့ချီရရှိ ထားပါတယ် ။တင်ပြချက်တွေအရ ဖေ့စ်ဘွတ် က အမှားအချို့လုပ်မိခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ဖေ့စ်ဘွတ်လည်း မှားမိပါတယ်” လို့ဖေ့စ်ဘွတ် တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

Source: CNA


30 May 2017     1,420 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS