BEC-TERO TV

အမှိုက်မဖွဖို့တားမြစ်တဲ့ ဝန်ထမ်းကို တုံ့ပြန်လိုက်ပုံက ကမ္ဘာကျော်သွားတယ်

30 May 2017     1,653 Views


လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲမှာ အချို့လူတွေက အသက်သာကြီးသွားပေမယ့် ကိုယ်ချင်းစာတရားကတော့ သေးကျုံ့သွားကြတာကို မကြာခဏဆိုသလို မြင်တွေ့ရတတ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေထဲမှာပါတဲ့ အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်ကတော့ လူမှုကွန်ယက်ပေါ်မှာ ပြည်သူ့မေတ္တာကို အထူးခံယူနေရပါပြီ။
 
တရုပ်နိုင်ငံ မြန်နှုန်းမြင့် ကျည်ဆံရထားဟာ ခရီးသွားလာသူတွေ သက်တောင့်သက်သာရှိအောင်၊ သန့်ရှင်းသပ်ရပ်နေအောင် ဝန်ဆောင်မှုတွေ မပြတ်ပေးထားပါတယ်။ ခုတ်မောင်းသွားလာနေတဲ့ ရထားတွဲတစ်တွဲပေါ်မှာ လိုက်ပါလာတဲ့ အဖိုးကြီးတစ်ယောက်က ကွာစိလှော်ကိုစားရင်း အခွံတွေကို ရထားကြမ်းပြင်ပေါ် ပစ်ချနေပါတယ်။ ဒါကို တွေ့သွားတဲ့ ရထားတွဲဝန်ထမ်းအမျိုးသမီးက တံမြက်စည်းနဲ့ ဂေါ်ပြားယူလာပြီး သန့်ရှင်းရေး ပြန်လုပ်ပေးကာ အဖိုးကြီးကို အမှိုက်ထပ်မပြစ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
 
ကိုယ်ကသာ မဟုတ်တာလုပ်တာ၊ အပြောခံရရင်တော့ မကြိုက်တတ်တဲ့သူတွေရဲ့ ထုံးစံအတိုင်း အဖိုးကြီးက ထိုင်ခုံမှထကာ ရှုးရှုးရှားရှားဖြင့် ကွာစေ့လှော် တစ်ထုတ်လုံးကို ဖောက်ပြီး ရထားတစ်တွဲလုံးကို ဝန်ထမ်းအမျိုးသမီးရှေ့မှာတင် ကျဲချခဲ့ပါတယ်။ အဲဒီနောက် ဝန်ထမ်းအမျိုးသမီးကို ပခုံးနဲ့တိုက်ကာ သူ့နေရာသူ ပြန်ထိုင်ခဲ့ပါတယ်။
 
ဒီဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပြီး အဖိုးကြီးကို ပြစ်တင်ရှုံ့ချဝေဖန်မှုများ ပြင်ထန်ခဲ့ပါတယ်။
 
 

 


30 May 2017     1,653 Views




RELATED

Most Popular of Special or Others

Most Popular of NEWS