BEC-TERO TV

ဖူးစာပါရင် ကျွန်တော်တို့ညားမှာပါဆိုတဲ့ အောင်ရဲလင်း

30 May 2017     1,370 Views


ဖက်ရှင်ပိုင်းတွေ အရမ်းမိုက်လာပြီး သရုပ်ဆောင်ပိုင်းမှာပါ ပိုပီပြင်တာတဲ့ အောင်ရဲလင်းကတော့ ဇွန်လထဲမှာ ရုံတင်ပြသတော့ မယ့် ၀ိညာဉ်ကကြိုး မှာ သုံးပွင့်ဆိုင်အချစ်ကြားထဲက ကောင်လေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားနဲ့ ပတ်သတ်ပြီး အခက်အခဲ မရှိပါဘူး ကောင်မလေးနှစ်ယောက်ကို ကြည့်တဲ့ အကြည့် ကတော့ မတူဘူးပေါ့နော် ဇာတ်ကားက ရုပ်ထွက်ကောင်းနေတော့ အကုန်လှနေတာပါ ။ ၂၀၁၅ ထဲ က ဒီဇာတ်ကားထဲက ပုံစံမျိုးစပြောင်းတာပါ ။ ဇာတ်ကားက အခုမှ ရုံတင်တဲ့ အတွက် နည်းနည်းနောက်ကျပြီးမှ ပရိတ်သတ်ကြည့် ရတာပါ ။

နောက်ပိုင်း ဇာတ်လမ်းတွေမှာ လူငယ်ပေမယ့် ရင့်ကျက်တဲ့ လူပုံ ပုံစံ ကိုပဲ သရုပ်ဆောင်ချင်တော့တယ် ကိုယ်တိုင်ပြောင်းလဲ လာတာ လဲ ပါပါတယ်။ ကျွန်တော် အပြောင်းအလဲ လုပ်ရင်လဲ ဓာတ်ပုံတွေကနေတဆင့် ပရိတ်သတ်တွေကို ချပြပြီး သားပါ ။ ရုပ်ရှင်ဇာတ်ကားတွေ လဲ အများကြီး ရိုက်ဖို့ ရှိနေပါသေးတယ်။ ရုံတင်ကားတွေ နည်းနေပေမယ့် ဗီဒီယို ကားတွေတော့ ပုံမှန်ရိုက်ဖြစ်နေပါတယ်။ ပိတ်ကားပေါ်မှာတင်မယ့် ကားတွေကိုတော့ ဇာတ်လမ်းတွေကို သေချာရွေးချယ်ပြီး ရိုက်ဖြစ်ပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။

လူအများ စိတ်ဝင်စားကြတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးမှာလဲ ချစ်သူမိန်းကလေး ကလဲ အားလုံး ချစ်ကြတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာ သတင်းကို လဲ အားလုံး စိတ်ဝင်စားနေကြပါတယ်။ လက်ထပ်ဖို့ကတော့ အများကြီး လိုပါသေးတယ် ။ကျွန်တော်ခံယူထားတာတစ်ခုက အိမ်ထောင်ပြုဖို့ ကံပါလာရင် ပြုဖြစ်မှာပါ ။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်အများကြီး မတွေးပါဘူး ။ ကျွန်တော်လည်း လူသားတစ်ယောက် ဖြစ်တဲ့ အတွက် အချစ်ရေးမကင်းပါဘူး ။ ပရိတ်သတ်တွေလဲ သိပြီး သားပါ ။ ဘယ်လောက်ပဲ ချစ်ချစ် ဖူးစာမပါဘူးဆိုရင် လက်တွဲဖြစ်မှာ မဟုတ်ပါဘူး ။ ဘယ်လောက်ပဲ မချစ်မချစ် ဖူးစာပါရင်လည်း ညားတာပါပဲ ။ ကျွန်တော်နဲ့ ဖူးစာ ပါတဲ့ သူတစ်ယောက်ယောက်နဲ့ တော့ အိမ်ထောင်ပြုရမှာပေါ့ လို့ ပြောသွားခဲ့ ပါတယ် ။

Credit: the voice


30 May 2017     1,370 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment