BEC-TERO TV

ပြည်တွင်းရှိ (၁၈)နှစ်ပြည့်ပြီးသူလူပျိုလူလွတ်များ၏ ၂၃ ရာခိုင်နှုန်းသည်လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံလျှက်ရှိ

30 May 2017     1,674 Views


မြန်မာနိုင်ငံတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ လူပျိုလူ လွတ်များ၏ ၂၃ ရာခိုင်နှုန်းသည် လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ လိင်ဆက်ဆံခြင်း ရှိနေသည်ကို တွေ့ရကြောင်းမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ စစ်တမ်းတစ်ခုက ဖော်ပြထားရှိသည်။ အဆိုပါစစ်တမ်းသည် မြန်မာနိုင်ငံသားများ၏ လိင်မှုကိစ္စအလေ့အထများနှင့် စိတ်နေစိတ် ထားတို့ကိုသိရှိစေရန် ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီက ကောက် ယူထားခြင်းဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်၊မြို့ပြဒေသများမှ အသက် (၁၈)နှစ်မှ (၄၉) နှစ်အတွင်း လူဦးရေ တစ်ထောင်ကို ရွေးချယ်ကာနိုင်ငံတကာတွင်မျိုးဆက်ပွားကျန်းမာရေးနှင့် သား ဆက်ခြားနည်းလမ်းများကို မျှဝေ နေသည့် DKT အင်တာနေရှင်နယ်အဖွဲ့အစည်းက ကောက်ယူထားခြင်းဖြစ်သည်။စစ်တမ်းအရ  ၃၇ ရာခိုင်နှုန်းသည်  ၎င်းတို့ကိုယ်တိုင် ပြုလုပ်သည်ဟု ပြောကြား၍ ၆၂ ရာခိုင်နှုန်းသည် ၎င်းတို့၏ အသိမိတ်ဆွေများထဲတွင် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်ဟု DKT အင်တာနေရှင်နယ်မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဟိုင်ရမ်ဘလန်ဒီကဆိုသည်။‘

‘မြန်မာမှာ လက်မထပ်ခင် လိင်မှုကိစ္စရှိနေတာတွေ့ရတယ်။ သားဆက်ခြားနည်းကို နားမလည် ကြဘူး။ အဓိကကတော့ မြန်မာမှာလိင်အသိပညာပေးတာအားနည်း တာတွေ့ရပါတယ်။ မိဘတွေ၊ မိသားစုတွေ အကုန်လုံးက ပြော လေ့ပြောထမရှိတဲ့ကိစ္စ ဖြစ်နေ တယ်။ လိင်ပညာပေးတာ တကယ်လိုအပ်နေတာ တွေ့ရပါတယ်။ အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံ ခဲ့ဖူးသူတွေရဲ့ ၃၈ ရာခိုင်နှုန်းက အကာအကွယ်မယူဘဲ၊ သန္ဓေတားပစ္စည်းအသုံးမပြုဘဲ ဆက်ဆံနေ ကြတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလေ့လာတွေ့ရှိချက်တွေကို သက်ဆိုင်ရာဌာနတွေ၊ ဆေးပညာရှင်တွေနဲ့ လူထုတွေကို ဆက်ပြီး မျှဝေပေးသွားမယ်။ ဒီထက်ပို ကောင်းတဲ့ နည်းလမ်းတွေကို ဆွေးနွေးမယ်။ ဒီဟာတွေက မြန် မာပြည်အတွက် အရမ်းအရေးကြီးပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

လက်ရှိကာလတွင်မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် မိခင်နှင့် မွေးကင်းစပြဿနာများ၊ သား ပျက်သားလျှောခြင်း၊ မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်း၊ လိင်မှတစ် ဆင့် ကူးစက်ရောဂါများ (ကာလ သားရောဂါ)၊ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေးပြဿ နာများ၊ သားသမီးမရခြင်း၊ မျိုး ပွားလမ်းကြောင်းကင်ဆာများနှင့် သွေးဆုံးခြင်း စသော ပြဿနာ ရှစ်ရပ်နှင့် ရင်ဆိုင်နေရသည်။

 


30 May 2017     1,674 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS