BEC-TERO TV

“လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီအရေးယူသွားမည်”

01 Jun 2017     1,257 Views


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
၁၃၇၉ ခုနှစ်၊ နယုန်လဆန်း ၆ ရက်
(၂ဝ၁၇ ခုနှစ်၊ မေလ ၃၁ ရက်)

“လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီအရေးယူသွားမည်”

၁။ မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေး၍ ချိုးဖောက်မှုများ အမှန်တစ်ကယ်တွေ့ရှိရပါက တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သန္နိဌာန်ချမှတ်ထားပြီး ဖြစ်ပါသည်။

၂။ (၂၇-၅-၂၀၁၇) ရက်နေ့တွင် လူမှုကွန်ရက်၌ (၁၇)မိနစ် ကြာမြင့်သော ဗီဒီယိုဖိုင်တစ်ခု စတင် လွှင့်တင်ခဲ့ပြီး အဆိုပါဗီဒီယိုဖိုင်တွင် အရပ်ဝတ်(၄)ဦးကို စစ်ဝတ်စုံဝတ် အချို့က ကိုယ်ထိလက်ရောက် ပြုမူနေသည့် လုပ်ဆောင်ချက်များ ပါဝင်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ (၂၈-၅-၂၀၁၇)ရက်နေ့တွင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်ချက် အချို့ ထုတ်ပြန်လာခဲ့ပါသည်။

၃။ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ချိုးဖောက်မှုများကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

Source:Myanmar State Counsellor Office


01 Jun 2017     1,257 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS