BEC-TERO TV

မီးငယ်လေးတွေကို အားပေးချင်သူတွေအတွက် ဖြူဖြူရဲ့သီချင်း

01 Jun 2017     1,589 Views


နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်းက ကိုယ်ပိုင်သံစဉ် ခွန်အားပေးသီချင်းတစ်ပုဒ်ကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ပါတယ်။ သီချင်းလေးရဲ့နာမည်ကတော့ “နောက်မဆုတ်နဲ့ … မီးငယ်” လို့အမည်ရပါတယ်။

ဒီသီချင်းလေးက တေးရေး နှလုံးသားတစ်ကိုယ်တော်ရဲ့ “နှလုံးသားဒိုင်ယာရီ (၂)” အခွေထဲမှာ ပါဝင်မှာဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းကတော့ သူ့ရဲ့ပရိသတ်တွေထဲက မီးငယ်လေးတွေကို ချစ်တဲ့ မီးငယ်လေးတွေကို အားပေးချင်တဲ့ ပရိသတ်တွေအတွက် အခုလို လက်တို့ထားပါတယ်။

“နောက်မဆုတ်နဲ့...မီးငယ်" ကိုယ်ပိုင်သံစဉ်ခွန်အားပေးသီချင်းသစ် music video ခုပဲရိုက်ကူးပြီးပါတယ်ရှင်။ တေးရေးနှလုံးသား တစ်ကိုယ်တော်ရေးတဲ့ "နှလုံးသားဒိုင်ယာရီ(၂)" ခွေထဲမှာပါမှာမို့ မီးငယ်လေးတွေကို အားပေးချင်သူတွေအတွက် ကြိုတင်လက်တို့လိုက်ပါတယ်” လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အခွေထွက်လာရင် ဖြူဖြူ့ပရိသတ်တွေက အားပေးကြဦးနော် …

Source : ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်


 


01 Jun 2017     1,589 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment