ချစ်သူက ကြိုးစားနေတုန်း ဆိုတဲ့ စောလားထော်ဝါး
01 Jun 2017 1,821 Views

Myanmar Idol အစီအစဉ်မှာ winner ဖြစ်ပြီး ပရိသတ်လက်ခံအားပေးမှု ရရှိထားတဲ့ စောလားထော်ဝါးက သူ့ရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး ကြိုးစားနေတုန်းပါလို့ အိုအေစစ် ဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
“ချစ်သူလား ဘယ်လိုပြောရမလဲ ကြိုးစားတုန်းလို့ ပြောရင်ပိုမှန်မယ်” လို့ ရယ်မောရင်း ပြောခဲ့ပါတယ်။
Myanmar Idol ပွဲကြောင့် ပရိသတ်တွေ သိသွားသလို ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ အသက်မွေးခွင့်ရခဲ့ပြီး တစ်ကိုယ်တော်ခွေလည်း Myanmar Idol ကြောင့်ပဲ ထွက်နိုင်ခဲ့တဲ့အတွက် မမေ့နိုင်တဲ့အရာကတော့ Myanmar Idol ပွဲလို့ ဆိုထားပါတယ်။
ငယ်ငယ်က အရမ်းစိတ်မြန်ပြီး ဒေါသကြီးတတ်ပေမယ့် အခုတော့ အရငိလိုမဟုတ်တော့ဘူးလို့လည်း စောလားထော်ဝါးက သူ့ရဲ့စိတ်ထားနဲ့ ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်။
တေးသံရှင်စော်လားထော်ဝါးဟာ ဂီတတံခါးလေးဖွင့်ပါဦး ပြိုင်ပွဲမှာ ပထမဆု ၊ သံစဉ်လမ်းကလင်းလက်ကြယ် ပြိုင်ပွဲမှာ ဂရေဟမ်သီချင်းများသီဆိုမှုမှာ အကောင်းဆုံးဆုတွေ ရရှိထားဖူးသူ ဖြစ်ပါတယ်။
Source and Ref : Oasis





