BEC-TERO TV

ထိပ်တန်းအရည်အသွေးမြင့်ကုန်ပစ္စည်းများ ၀ယ်ယူနိုင်မည့် အမေရိကန်-မြန်မာကုန်စည်ပြပွဲ

01 Jun 2017     1,206 Views


ပထမဆုံးအကြိမ် အမေရိကန်-မြန်မာကုန်စည်ပြပွဲကြီး ကို ဇွန်လ ၂ မှ ၄ ရက် နေ့အထိ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။Myanmar Promotional Services Co.,Ltd မှ စီစဉ်ကျင်းပသော မြန်မာနိုင်ငံတွင် ပထမအကြိမ် အမေရိကန်-မြန်မာကုန်စည်ပြပွဲကြီးကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ တွင် ဇွန် ၂ ရက်မှ ၄ ရက်နေ့အထိ ၃ရက် တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။ယခုပြပွဲကြီးကိုMain Sponsor အဖြစ် - Ford ကားကုမ္ပဏီ(Capital Automotive Co.,Ltd)Gold Sponsor များအဖြစ် -Gandamar Office Solutionsနှင့်-All Nippons Airways (ANA )တို့မှ အဓိက ပံ့ပိုးပြသသွားမည်ပြီး အခြားအမေရိကန်ထုတ်ကုန်ပစ္စည်းများ နှင့် မြန်မာ့နိုင်ငံ၏ ထုတ်ကုန်များစွာနှင့်အတူ စည်ကားသိုက်မြိုက်စွာ ရောင်းချကျင်းပသွားမည် ဖြစ်ပါသည် ။

ပြပွဲကာလအတွင်းတွင်ပြသမည့်ကုမ္ပဏီများမှအရည်အသွေးသာလွန်ကောင်းမွန်သောအမေရိကန်ထုတ်ကုန်ပစ္စည်းများအား အထူးဈေးနူန်းများဖြင့် ပြသရောင်းချပေးသွားမည်ဖြစ်ပါသည်။ထို့အပြင် ပြပွဲကို လာရောက်ကြည့်ရူမည့် ပရိတ်သတ်များ
အတွက် ဖျော်ဖြေရေး အစီအစဉ်များလည်း တင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့် လာရောက် ကြည့်ရူလေ့လာမည်ဖြစ်သည်။

ယခုပြပွဲကြီးကို

- Capital Automotive Ltd
- All Nippons Airways
- Gandamar Office Solutions
- Nano Skin
- Shwe Taw Win
- USA store
- Caterpillar
- Spraying Systems
- Green Dynamite
- VIP Myanmar
- Pan Thu Co.,Ltd
- San Lwin Trading
- Myanmar Hendrix
- Lin Mahar Myanmar
- VIMAL Co.,Ltd
- Aung Thein Than Co.,Ltd
- Amigos International Co.,Ltd
- Myanmar Arts And Crafts Association
- Ministry Of Commerce ( Myantrade )

နှင့် အခြား ကုမ္ပဏီများစွာ မှ ပြခန်းပေါင်း ၁၀၀ ကျော်ဖြင့်ဝင်ရောက်ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။


01 Jun 2017     1,206 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS