BEC-TERO TV

ကြက်သားကုန်းဘောင်ကြော်

01 Jun 2017     5,560 Views


ချစ်ခင်ရတဲ့ မိသားစုတွေ ၊ မိတ်ဆွေတွေကို ကြက်ကုန်းဘောင် ကြော်ကြွေးရအောင် ....
 
ပါဝင်ပစ္စည်းများ
 
ကြက်သား
အသီးရွက်
ကြက်သွန်နီ
ကြက်သွန်ဖြူ
တရုတ် ပဲငံပြာရည်
ငြုပ်သီးအတောင့်
ဆီ
ဆား
အချိုမှုန့်
ဂျင်း
 
 
ပြုလုုပ်နည်း
 
ကြိုက်နှစ်သက်ရာ အသီးရွက်၊ ကြက်သားနှင့် ကြက်သွန်နီတို့ကို အရွယ်တော်အတုံး တုံးပါ။
ကြက်သားကို ဆား၊ အချိုမှုန့်၊ ဂျင်းအရည် ညှစ်ပြီး နယ်ထားပါ။
ဆီပူထဲသို့ ကြက်သွန်ဖြူကို ဓားပြား ရိုက်ထားတာကို ထည့်ပါ။
ပြီးနောက် အသားများ ထည့်ပြီး ကြက်သားနီလာလျှင် အသားနူးရန် ရေအနည်းငယ် ထည့်ပါ။
ပြိးလျှင် ကြက်သွန်များ အသီးရွက်များကို ရောထည့်ပြီး တရုတ် ပဲငံပြာရည် အနောက် တဇွန်း၊ အကြည် တဇွန်း ထည့်ပါတယ်။ (ဆား အပေါ့ အငန် မြည်းပါ)
ကြက်သွန်နီ နှင့် အသီးအရွက်များ သိပ်မနွမ်းခင် ပန်းကန်ထဲသို့ ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
ငြုပ်သီးကြိုက်ရင် ငြုပ်သီးအတောင့် ကြော်ထားတာကိုထည့်ပါ။
 
Photo and Credit : မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ

01 Jun 2017     5,560 Views




RELATED

Most Popular of Food

Most Popular of Life Style