BEC-TERO TV

တရားလို အပေါ် ငွေကျပ် သိန်း(၂၀) တောင်းခံခဲ့လို့ တိုင်ကြားမှု

01 Jun 2017     1,353 Views


ကျွန်မသည် ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊က/ဂ
ရပ်ကွက်။ဗညားဒလလမ်မကြီး၊တိုက်အမှတ် ၁၃၂
အခန်း ၄လွှာတွင်နေထိုင်နေသော မစိုးမိုးအေး ။
၁၂/သကတ နိုင် ၁၃၄၀၃၅ ဖြစ်ပါတယ်။

ကျွန်မတိုင်ကြားလိုသည်မှာ အမ အရင်းဖြစ်သူ
တာမွေမြို့နယ် htet mobile ပိုင်ရှင် မထက်ထက်လွင် မှ
တရားလိုတိုင်တန်းခဲ့သော တာမွေမြို့မရဲစခန်း ၏ ပ ၇၁၆ /၂၀၁၆ ပုဒ်မ ၄၀၈ အမှုအတွက် တာမွေမြို့နယ် ဥပဒေ
အရာရှိ ဒေါ်မြမြစိုးမှ သူဘဲရှေ့နေ သူဘဲ ဥပဒေအကြံပေး
ဟုပြောကာ ၄င်းအတွက် ၁၀သိန်း ဟိုဘက်အတွက်
(တရားသူကြီး) ၁၀သိန်းပေးရန်တောင်းခံခဲ့ပါသည်

ထို့အပြင်ရှေ့နေငှားမည်ဆိုပါက ဒီအမှုအား လှည့်
မကြည့်တော့မည်ဖြစ်ကြောင်းပြောကြားသဖြင့် ကျွန်မနှင့်
အမဖြစ်သူမှအမှုအကြောင်းနာမလည်သဖြင့် သူပြောတဲ့
အတိုင်း သိန်း ၂၀ ကို ဘယ်လိုယူမှာလဲဟုမေးသော
အခါ သူ ၁၀ သိန်း တရားသူကြီး ၁၀ သိန်းခွဲယူရမည်
ဟုပြောသောကြောင့် အသင့်ပါလာငွေ ၁၀ သိန်းအား
ပေးခဲ့ပြီး ကျန်ငွေ ၁၀ သိန်းအား ဒေါ်မြမြစိုးမှ နောက်
တစ်ပါတ်တွင် အမ ထံ ဖုန်းခေါ်၍ တောင်းခံခဲ့ သဖြင့်
အမ မှ ဒေါ်မြမြစိုး ရုံးသို့ ဆိုင်ရှိတပည့်ဖြစ်သူအား
အဖော်ခေါ်၍ သွားပေးခဲ့ပါသည်။

အဆိုပါငွေပေးနေမှုအား တပည့်ဖြစ်သူ မှ ကားပေါ်
တွင် ကင်မရာစမ်းနေရာမှ ငွေပေးငွေယူအစအဆုံး
ရိုက်ကူးမိနေကြောင်း နောက်တစ်နေ့ကြမှ အမ
မထက်ထက်လွင်အားပြောကြားခဲ့၍ အမ မှ
သိရှိခဲ့ပါသည်။

သို့ဖြစ်၍ အမှုအကြောင်းမသိနားမလည်သူ ပြည်သူ
လူထုအား အမှုအားအကြောင်းအမျိုးမျိုးပြ၍ လာဘ်ငွေ
သိန်း ၂၀ ရယူ သူ များအားဥပဒေ အရ အရေးယူပေးပါရန်
ငွေပေးငွေယူနေသောအထောက်အထား ဓါတ်ပုံမှတ်
တမ်း များနှင့် တကွ ရွှေတံခါးမှူး ချစ်သူ စာမျက်နှာမှတဆင့်
တင်ပြ တိုင်ကြားအပ်ပါသည်

(ငွေပေးငွေယူပြုလုပ်နေသော (၁၇) မိနစ်ခန့်ကြာရှည်သည့်
အထောက်အထားမှတ်တမ်း video file နှင့်
ဟိုဘက် ဒီဘက် ခွဲယူရမည်ဆိုသော အသံ ဖိုင် များအား
သက်ဆိုင်ရာဌာနများမှ ခေါ်ယူစစ်ဆေးသည့်အချိန်တွင်
တင်ပြ အစစ်ဆေးခံသွားမည် ဖြစ်ပါသည်)

တိုင်ကြားသူ

မစိုးမိုးအေး
အခန်း(၄)..တိုက်အမှတ်(၁၃၂)
ဗညားဒလ လမ်းမကြီး..က/ဂ ရပ်ကွက်
တာမွေမြို့နယ်...ရန်ကုန်တိုင်း
ဖုန်း ၀၉၇၇၃၇၉၇၉၂၂


01 Jun 2017     1,353 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS