BEC-TERO TV

လေယာဉ်မှူးအခန်းထဲ ၀င်ဖို့ကြိုးစားခဲ့သူကြောင့် ထွက်ခွာပြီးလေယာဉ် ပြန်လည်ဆင်းသက်

01 Jun 2017     1,301 Views


မလေးရှားလေကြောင်းလိုင်းက လေယာဉ်တစ်စီးပေါ်မှာ ခရီးသည်တစ်ဦးကလေယာဉ်မှူးအခန်းထဲကို ၀င်ရောက်ဖို့ကြိုးစားတာကြောင့် လေယာဉ်ကို ပြန်လည်ဆင်းသက်လိုက်ရပါတယ်။ သြစတြေးလျနိုင်ငံ မဲဘုန်းမြို့လေဆိပ်ကနေ ကွာလာလမ်ပူလေဆိပ်ကို ပျံသန်းလာတဲ့ MH 128 လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက်(၂၅)နှစ်အရွယ် ခရီးသည်တစ်ဦးဟာ လျှပ်စစ်ပစ္စည်းတစ်ခုကိုကိုင်ပြီး လေယာဉ်မှူးအခန်းထဲကို ၀င်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်ကို ဗုံးဖောက်ခွဲဖို့ဆိုပြီး ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် လေယာဉ်ဟာ ထွက်ခွာလာပြီးမိနစ်အနည်းငယ်အကြာမှာပဲ မဲဘုန်းလေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့တာပါ။ လေဆိပ်ကို ပြန်လည်ဆင်းသက်ချိန်မှာတော့ သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူကိုင်ထားတဲ့ပစ္စည်းဟာ ပေါက်ကွဲစေတဲ့ပစ္စည်းမျိုးမဟုတ်ပဲ ပါဝါဘန့်ခ်ဒါမှမဟုတ် ဖုန်းအားသွင်းကြိုးတစ်ခုသာဖြစ်မယ်လို့ မလေးရှားနိုင်ငံရဲ့ပို့ဆောင်ရေးဒုတိယ၀န်ကြီးက ပြောပါတယ်။ သံသယရှိသူ ခရီးသည်ဟာ စိတ်ရောဂါကုဆေးရုံကနေဆင်းလာတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်ဖြစ်ပြီး မဲဘုန်းမြို့မှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေသူဖြစ်ပါတယ်။ ရဲတွေကတော့ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှုမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။


01 Jun 2017     1,301 Views




RELATED

Most Popular of International News

Most Popular of NEWS