BEC-TERO TV

ထီဝါသနာရှင်များအတွက် အရန်ထီလက်မှတ်သတိပေးချက် ထုတ်ပြန်

01 Jun 2017     1,569 Views


လေးကြိမ်မြောက် ကျပ် ၅၀၀ တန် အရန်ထီလက်မှတ် များတွင်ကျပ် ၅၀၀ စာသား၏အပေါ်ဘက်တွင် (2 nd)အမှတ်အသားပါရှိမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာန၊အောင်ဘာလေသိန်းဆုဌာနခွဲမှ (၂၉.၅.၂၀၁၇) ရက်စွဲဖြင့်သတင်းထုတ်ပြန်ထားရှိသည်။ယခင်ထုတ်ဝေသည့် အရန်ထီလက်မှတ်များ၏ ပုံစံနှင့်မတူဘဲ ဇွန် ၁ရက်မှ စတင်ရောင်းချမည့် လေးကြိမ်မြောက် ကျပ် ၅၀၀တန် အောင်ဘာလေထီ အရန်ထီလက်မှတ်များတွင် Second (2 nd)အမှတ်အသားပါရှိမည်ဖြစ်သည်။

ကျပ် ၅၀၀ တန်အောင်ဘာလေ ထီတစ်ကြိမ်မြောက်ဖွင့် ပွဲတွင် 'ကက' မှ'ကဃ'အရန်ထီ အက္ခရာကိုလည်း
ကောင်း၊ နှစ်ကြိမ်မြောက်တွင် 'ကင'မှ'ကထ'အက္ခရာ ကိုလည်းကောင်း၊ သုံးကြိမ်မြောက်ဖွင့်ပွဲတွင် 'ကဒ'အက္ခရာမှ'ကအ'အက္ခရာကိုလည်းကောင်း အစရှိသည့် အရန်ထီအက္ခရာစုစုပေါင်း၂၂လုံး ရောင်းချပြီးဖြစ်သည့်အတွက် လေးကြိမ်မြောက်တွင် 'ကက'မှ 'ကဖ'အက္ခရာ များကို ပြန်လည်ထုတ်ဝေ ရောင်းချသွား ခြင်းဖြစ်သည်။

ထို့ပြင် ဇူလိုင်လတွင် ဖွင့်လှစ်မည့် လေးကြိမ်မြောက် ကျပ် ၅၀၀ တန် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၁၀၀၀၀၊ ကျပ် သိန်း ၅၀၀၀၊ ကျပ်သိန်း ၃၀၀၀ နှင့် ကျပ် သိန်း၁၀၀၀အပြင် ကျပ် သိန်း ၅၀၀ဆု၊ ကျပ်သိန်း၃၀၀ဆု၊ ကျပ် သိန်း၃၀ အစ ရှိသည့် ထီဆုကြေးများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထီအက္ခရာကိုလည်း ယခင် ၃၆လုံးမှ အက္ခရာထီ အလုံးရေ ၄၄ အထိ တိုးမြှင့်ရောင်းချသွားမည် ဖြစ် ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှသတင်းထုန်ပြန်ထားရှိသည်။


01 Jun 2017     1,569 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS