BEC-TERO TV

အခွေထွက်ကာနီးလို့ ချိန်ကိုက် Live လွှင့်ခဲ့တာ မဟုတ်ပါဘူးဆိုတဲ့ အိုင်ရင်း

01 Jun 2017     1,287 Views


ချစ်လို့ အခွေထွက်ရှိလာတဲ့ အိုင်ရင်းဇင်မာမြင့်က သူတို့နှစ်ယောက် ပြတ်စဲသွားတဲ့အကြောင်း live လွှင့်တာဟာ အခွေထွက်ကာနီးမို့ အချိန်ကိုက်လွှင့်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

အိုင်ရင်းဇင်မာမြင့်က အခွေထွက်ခါနီးမှာ live လွှင့်ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အိုအေစစ် ဂျာနယ်မှာ အခုလို ဖြေဆိုထားပါတယ်။

“ဒီစကားကို အိုင်းရင်း လိုအပ်လို့သုံးပေးပါ့မယ်။
အိုင်းရင်းသည် ရေးမြို့ကို မေလ ၇ ရက်နေ့က
ခရီးသွားခဲ့ပါတယ်။ အဲ့ဒီသွားတဲ့အထိ အတူသွား
တုန်းပါ။ ကိုကြီးနဲ့ညီမလေး . . ညီ၊ အစ်ကို
မောင်နှမတွေပေါ့(ရယ်လျက်)။ အိုင်းရင်း ရဲ့ကားကို
အစ်ကိုကြီးကိုယ်တိုင် မောင်းသွားခဲ့တာပါ။ မေ
၁၀ ရက်နေ့ မဟာချိုင်မှာ သီချင်းသွားဆိုတုန်း
ကလည်း တူတူပါပဲ။ ပြတ်စဲသွားတာ လနဲ့ချီ ကြာတာ
ဆိုတာကတော့ ကာယကံရှင် အိုင်းရင်းဇင်မာမြင့်
တကယ့်ကိုမသိတာပါရှင့်။ ဘုရားသခင်အသိဆုံးပါ။
အခု မဂျူလိုင်မေးလို့ ဖြေတာပါ။ အိုင်းရင်းရဲ့
အတွေးထဲမှာ အဲ့ဒီအစ်ကိုကြီးမရှိတော့ ပါဘူးရှင့်။
အခုချိန် အိုင်းရင်းဘေးမှာ ထမင်းဆာတယ်လို့
ပြောလိုက်ရင် အဆင်သင့်ခူးပေးမယ့် မိသားစုရှိတယ်။
အမေလို့ခေါ်လိုက်ရင် “ဟေ”လို့ ထူး လိုက်မယ့်
သူတစ်ယောက်ရှိတယ်။ ဒါ ကြောင့် အရာအားလုံး
ပြည့်စုံပါတယ်။” လို့ အိုင်ရင်းဇင်မာမြင့်ကပြောပါတယ်။

အဆိုတော် အိုင်ရင်းဇင်မာမြင့်က ဒီအခွေလေးကို ဘယ်လိုနည်းနဲ့ပဲ အားပေးပေး ကျေနပ်ပြီး အိုင်ရင်းကိုလည်း အရင်ကထက်ပိုပြီး ချစ်စေချင်ပါတယ်။ အားလည်း ပေးစေချင်ပါတယ်လို့ ပြောပါတယ်။

Credit : Oasis


01 Jun 2017     1,287 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment