အရောင်းရဆုံးစံချိန်တင်ခဲ့တဲ့ ခင်စန်းဝင်းရဲ့ ဇာတ်ကား
01 Jun 2017 1,890 Views

မကြီးစန်း (မိတ်ကပ် ခင်စန်းဝင်း) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားဟာ အရောင်းရဆုံး စံချိန်တင်ပြီး ထိပ်ဆုံးရောက်ခဲ့တယ်လို့ ဗီဒီယိုဈေးကွက်က လူတွေက ပြောကြပါတယ်။
ဒီနေ့ထိလဲရောင်းနေရဆဲဖြစ်တဲ့ အဆိုပါဇာတ်ကားနဲ့ပတ်သတ်ပြီး မကြီးစန်းက သူ့ရင်ထဲက စိတ်တိုင်းမကျမှုတွေကို လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။
“ဒီဇာတ်ကားလေးကို အထူးပွဲပြတဲ့နေ့က ကြည့်ဖြစ်တာကလွဲပြီး အခွေကိုထပ်မကြည့်မိပါဘူး။ မြန်မာနိုင်ငံထွက်ဖူးတဲ့စူပါတွေရဲ့ ဇတ်ကားထက် အရောင်းရဆုံးစံချိန်တင်ပြီး ထိပ်ဆုံးရောက်ခဲ့တယ်တဲ့
Video ဈေးကွက်ကပြောပါတယ် ယနေ့အထိလဲရောင်းနေရဆဲတဲ့ ဒီနေ့အိမ်လာလည်တဲ့ သူငယ်ချင်းက မကြည့်ရသေးဘူးဆိုလို့ ဖွင့်ပြယင်းနဲ့ပြန်ကြည့်ဖြစ်ပါတယ် လိုအပ်နေသေးတာတွေ ပြန်လုပ်ချင်တာတွေ စိတ်တိုင်းမကျတာတွေ အဆင်မပြေတာတွေ တွေ့ရပါတယ် ချစ်ခင်တဲ့စိတ်နဲ့ မေတ္တာထားပြီးကြည့်ကြတယ် ကြိုက်ကြတယ် အပိုင်ဝယ်ပြီး သိမ်းထားကြတဲ့ သူတွေတောင်ရှိတယ် ကိုယ့်ကားကိုယ်ပြန်ကြည့်ပြီး အားပေးသူများကို အားနာသွားတယ် ကျေးဇူးလဲတင်မဆုံးပါဘူး နောက်နောင် ထပ်ရိုက်ဖို့အခွင့်ရေးရှိယင် ဒီ့ထက်ပိုကောင်းအောင် ကြိုးစားပါ့မယ်လို့ ပရိတ်သတ်တွေရဲ့မေတ္တာကို လေးစားတန်ဖိုးထားလျှက်ပါလို့” လို့ ရေးသားထားပါတယ်။
Source : ခင်စန်းဝင်း ဖေ့စ်ဘွတ်