BEC-TERO TV

ဒါရိုက်တာ မိုက်တီးပြောလိုက်တဲ့ " ရုပ်ရှင်ခရိုနီအမြန်နေကောင်းသွားပါစေ"

01 Jun 2017     1,292 Views


သမတရုံရဲ့ တပွဲစာ ရုံပြည့်ဝင်ငွေဟာ
၁၅ သိန်း ၄ သောင်း ဖြစ်ပါတယ် ၊

တနေ့မှာ ၅ ပွဲပြပြီး - တလမှာ ပွဲ ၁၅၀ ရှိပါတယ် ၊

ရရှိသောဝင်ငွေ အပေါ် ဇာတ်ကားတစ်ကားလုံးစာ သိန်းပေါင်းထောင်ချီ ကုန်ကျခံ ထုတ်လုပ်လာသူက ၅၀% သာ ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၅၀% ကို ရုံခအဖြစ် ယူမှာ ဖြစ်ပါတယ် ။

ရုံရှင်ရဲ့ တစ်လ ဝင်ငွေကို မည်သူမဆို
အလွယ်တကူ ခန့်မှန်းတွက်ဆနိုင်ပါတယ် ။

ထပ်ပေါင်းထည့်စရာ အပိုဝင်ငွေများကတော့ ...

- #မှောင်ခိုလက်မှတ်ထုတ်ရောင်းခြင်း မှ ရသည့်ငွေ ၊
( မှောင်ခိုလက်မှတ်ကို သူထက်ငါ ပိုမိုရရှိရေး အတွက် သိန်း ဆယ်ဂဏန်း မှ ရာဂဏန်းထိ မှောင်ခို တဦးချင်းမှ စပေါ်များပင် တင်ထားကြရပါသည် )
- #ဆိုင်ခန်းများမှရရှိသည့်လခများ
( အတွင်းဆိုင်များ - အပြင်ဆိုင်ကြီး - ရုံရှေ့ ဘမ်းနှင့်ချရောင်းသည့် ဈေးသည်ပင် လခ သိန်းဂဏန်းလောက်ရှိပါသည် )
- #ကြော်ငြာများမှရရှိသည့်ငွေ ကလည်း မနည်းပါ ၊

စုစုပေါင်း သမတ၏ တလဝင်ငွေနှင့်
နိုင်ငံတော်၏ ငှားရမ်းခကို ချိန်ဆကြည့်ပါ ၊

နှစ် ၃၀ ပင် ပြည့်ပါတော့မည် ၊
သမတ တရုံထဲတင် မက မြန်မာပြည် ရှိသမျှ ရုံကြီးရုံကောင်းမှန်သမျှကို ထိုနှုံးအတိုင်း ထိုသူတဦးထဲကိုပင် ပိုင်ဆိုင်ခွင့်ပြု ပေးထားခြင်းဖြစ်ပါသည် ။

မည်၍မည်မျှထိ မည်သို့ချုပ်ထားသည့် စာချုပ်မှန်းလည်း ယနေ့တိုင် မည်သူမှ မသိရပါ -

ယခု ဒီမိုကရေစီ အစိုးရလက်ထက်တွင်သာ
ကျွန်တော်တို့ ဆရာ (ဝန်ကြီး) သိနိုင်ပါစေ .. ရှင်းထုတ်ပေးနိုင်ပါစေ ဟု ဆုမွန်ချွေနေရတော့ပါသည် ။

#နိုင်ငံတော်ရဲ့ဆုံးရှုံးမှုတွေပြန်ရပါစေ
#ရုပ်ရှင်သမားများရဲ့နစ်နာမှုတွေအဆုံးသတ်ပါစေ
#ရုပ်ရှင်ခရိုနီအမြန်နေကောင်းသွားပါစေ


01 Jun 2017     1,292 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS