သာကေတမြို့နယ်မှာ ၂လောင်းပြိုင်လူသတ်မှုဖြစ်ပွား
01 Jun 2017 1,435 Views

ရန်ကုန်မြို့ သာကေတမြို့နယ်မှာ ၂လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သာကေတမြို့နယ် ရှု့ခင်းသာ မြို့ပတ်လမ်း အိမ်အမှတ် (၈) မှာနေထိုင်တဲ့ နိုင်ငံခြားသားအမျိုးသားတဦး နဲ့ မြန်မာအမျိုးသမီးတဦး ယမန်နေ့ညက သတ်ခံရတာဖြစ်တယ်လို့ အိမ်နီးနားချင်းတွေကပြောပါတယ်။
သတ်ခံရသူတွေဟာ အသက် ၅၈ နှစ်အရွယ်ခန့်ရှိ အိန္ဒိယနိုင်ငံသား၊ ခရစ်ယာန်ဘာသာဝင် Mr.Victor Raj နဲ့ သူ့ရဲ့ဇနီးဖြစ်သူ မခင်စပါယ်နှင်းအောင် အသက် ၃၂ ဝန်းကျင် မြန်မာနိုင်ငံသူဖြစ်ကြောင်းသိရပါတယ်။
Mr.Victorနဲ့ ဇနီးတို့ဟာ အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို J & V Catering Service အမည်နဲ့ လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ အိမ်နီးနားချင်းတွေကပြောပါတယ်။
၂လောင်းပြိုင်သတ်ခံရတဲ့ အဆိုပါနေအိမ်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က လာရောက်စစ်ဆေးစုံစမ်းလျှက်ရှိပြီး သတင်းလာယူတဲ့ သတင်းထောက်တွေကို နေအိမ်အတွင်းပေးဝင်ခြင်းမပြုသေးပဲ ရဲလုပ်ထုံးလုပ်နည်းအရ မှတ်တမ်းယူကာ သက်သေခံများရှာဖွေလျှက်ရှိကြောင်းသိရပါတယ်။
သတ်ခံရသူတွေဟာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သတ်ခံရပြီး သေဆုံးသွားကြတယ်လို့ အနီးအနားရှိသူတွေက ပြောဆိုကြနေပေမယ့်ရဲတပ်ဖွဲ့ကအတည်ပြုပြောကြားခြင်းမရှိသေးပါဘူး။
Credit. MUNA