BEC-TERO TV

ဆေးခြောက်သုံးစွဲမှုနဲ့ စစ်ဆေးခံနေရတဲ့ T.O.P

01 Jun 2017     1,259 Views


ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုအရ Big Bang အဖွဲ့ဝင် T.O.P ဟာ  ၂၀၁၆ အောက်တိုဘာလလောက်က တရားမ၀င် ဆေးခြောက်သုံးစွဲဖူးတယ်လို့ စစ်ဆေးအဖြေထွက်ရှိခဲ့ပါတယ်။ အခုအချိန်မှာမှ ရုတ်တရတ် စစ်ဆေးရတဲ့အကြောင်းရင်းကို မသဲကွဲပေမယ့် Seoul Police Narcotics Crime Investigations က ဆံပင်နမူနာတွေကို အသုံးပြုပြီး ဒီစစ်ဆေးမှုကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဆေးချက်အရ ယမန်နှစ်အောက်တိုဘာက သုံးစွဲခဲ့တယ်လို့ ရလဒ်ထွက်ပေါ်ပေမယ့် အမြဲတမ်းသုံးစွဲတယ်လို့ အတည်ပြုချက်မရှိပါဘူး။ ရဲတွေကတော့ ဒီအမှုနဲ့ပတ်သတ်ပြီး အစိုးရရှေ့နေရုံးကို လွဲပေးလိုက်ပါပြီ။

T.O.P ကလဲ စစ်မှုမထမ်းခင် ဆေးခြောက်သုံးခဲ့တယ်လို့ ၀န်ခံခဲ့ကြောင်း ၊ ပြည်သူ့ရဲအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာလဲ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအားလုံးကို သွားရောက်စစ်ဆေးမှု ခံယူခဲ့ပြီး သူ့ရဲ့လုပ်ရပ်တွေအတွက်လည်း သူ့ကိုယ်သူဆင်ခြင်နေတယ်လို့ YG Entertainment ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် YG က ပရိသတ်အားလုံးကို စိတ်ပူစေတဲ့အတွက်လည်း တောင်းပန်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားသွားပါတယ်။

Ref : kstarlive


01 Jun 2017     1,259 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment