၁၂ ဘီးယာဉ် အရှိန်လွန်ဝင်တိုက်မှုကြောင့် ရဲတပ်ကြပ်တစ်ဦးသေဆုံး
02 Jun 2017 1,442 Views

တောင်ကြီးမြို့ ၊ စဉ့်ဟယ်ရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၁၂ ဘီးယာဉ် အရှိန်လွန်ဝင်တိုက်မှုကြောင့် လမ်းမပေါ်လေ့ကျင့်ခန်းလုပ်နေသော တပ်ကြပ်တစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။
“ ကားက ပထမဆုံး သစ်ပင်ကိုဝင်တိုက်တယ်။ လူကိုတိုက်တယ် ။ နောက်ထပ်ဆက်သွယ်ရေးတာဝါတိုင်ကိုတိုက်ပြီး လက်ဘက်ရည်ဆိုင်ထဲ ကိုဝင်တိုက်တယ်။ လူကိုတိုက်မိတာကလည်း မနက်ခင်းဆိုတော့ တပ်သားတွေက လမ်းေ ပ်ါလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်လည်းဖြစ်တယ်လို့”ရွှေညောင်နယ်မြေရဲစခန်း ဒုရဲအုပ် ဇာနည်မျိုးက ပြောကြားခဲ့ကြောင်း ကုမုဒ္ဒရာ သတင်းဌာနမှာဖော်ပြထားပါသည်။

တောင်ကြီးဘက် ကနေ ကျောက်မီးသွေးတွေတင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်ဟာအောင်ပန်းဘက်ကိုသွားစဉ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကာပြည်ထောင်စုလမ်းမကြီးမှာရှိ အောင်စိုးမိုးလက်ဘက်ရည်ဆိုင်ကတော့ ၁၂ ဘီး ယာဉ်ဝင်တိုက်မှုကြောင့် ကျပ်သိန်း ၅၀ ခန့်ဆုံးရူံးသွားပြီးအခင်းဖြစ်စဉ်ကြောင့် သဆုံးသွားသည့်တပ်ကြပ်မှာ အသက် ၄၁ နှစ်အရွယ်ရှိပြီး အမှတ် ၂၂ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းမှဖြစ်သည်။
လက်ရှိအချိန်တွင် ၁၂ ဘီးယာဉ်မှ ယာဉ်မောင်းမှာ ပြင်းထန်စွာဒဏ် ရာရရှိပြီး တောင်ကြီးမြို့ စ၀်စံ ထွန်းဆေးရုံမှာ အရေးပေါ်ဌာနကိုပို့ဆောင်ထားသလိုရွှေညောင်နယ်မြေရဲစခန်းက ယာဉ်မောင်းကို ( ပ ) ၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၇/၃၃၇/၃၃၈/၃၀၄ -( က ) နဲ့ အမှုဖွင့်အရေးယူထားသည်။
Source:ကုမုဒ္ဒရာ သတင်းဌာန







