BEC-TERO TV

ဘာသာရေးအယောင်ဆောင်ပြီး အလှူခံသူများ ရှောင်တခင် စစ်ဆေးအရေးယူမည်

02 Jun 2017     1,246 Views


သက်ဆိုင်ရာ မြို့နယ် သံဃနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘာသာရေးအယောင်ဆောင်ကာ အလှူငွေကောက်ခံနေတဲ့ ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းများကို ရှောင်တခင် စစ်ဆေးအရေးယူတော့မယ်လို့ သိရပါတယ်။

သံဃနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အလှူခံများ ၊ ကော်မရှင်ခရယူပြီး အလှူခံနေတဲ့ အဖွဲ့အစည်းတွေကို သံဃနာယကအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ စစ်ဆေးအရေးယူသွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနာက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ အချို့အလှူခံတွေဟာ သံဃနာယကအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ အလှူခံပေမယ့် အချို့အလှူခံတွေကတော့ ထောက်ခံချက်မိတ္တူဖြင့် အလှူခံခြင်း ၊ ကော်မရှင်ခယူ၍ ဆောင်ရွက်ခြင်း အစရှိတဲ့ မသင့်လျော်တဲ့ အဆောင်ယောင်များနဲ့ အလှူခံနေမှုများ ရှိနေပြီး ဒါဟာ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနဲ့ ပုံရိပ်တို့ကို ထိခိုက်နိုင်တာကြောင့် စိစစ်အရေးယူခြင်းဖြစ်တယ်လို့ သိရပါတယ်။

Source : The Voice News


02 Jun 2017     1,246 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS