BEC-TERO TV

တိုင်းတစ်ပါးတွင် မြန်မာအချင်းချင်း ဓားဖြင့်ခုတ်၊လူသေဆုံး

02 Jun 2017     1,270 Views


30-5-2107 နံနက် 11:15နာရီ အချိန်ခန့် ပီနန်း Jalan Westlands လမ်းအတွင်း
မြန်မာအချင်းချင်း ဓားခုတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိကာလတွင်ဓားဖြင့်အခုတ်ခံရသူမှာ ဆေးရုံအရောက်တွင်သေဆုံးခဲ့ပြီး ခုတ်ခဲ့သူကို အမူဖြစ်စဉ်အချိန်အတွင်းတာဝန်ရှိသူများမှ ပတာနီစခန်းသို့ဖမ်းဆီးသွားကြောင်းသိရှိရသည်။

အခင်းဖြစ်စဉ်တွင် ဓားဖြင့်ခုတ်ခဲ့သူမှာ ရွှေဟန်(SHWE HAN) PP-042659 မုံရွာမြို့ အရတော တွင်နေထိုင်ဖြစ်ကြောင်း
ဓားဖြင့်အခုတ်ခံရသူမှာ တိုးတိုး မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် လယ်ယာ ၂ အုပ်စု ပြွန်ဝကြီးကျေးရွာ မှာဖြစ်ကာ နှစ်ယောက်စလုံးမှာCRC စားသောက်ဆိုင်တွင်စားပွဲထိုးများဖြစ်ကြပြီးစားသောက်ဆိုင်တွင်
ကိုရွှေဟန်မှာ ၆နှစ်ခန့်လုပ်သက်ရှိကာ တိုးတိုးမှာ ၃နှစ်ခွဲခန့်လုပ်သက်ရှိကြောင်းသိရှိရပါတယ်။ဓားဖြင့် ခုတ်သူနှင့်အခုတ်ခံရသူအကြား အိမ်တွင်းရေး အရှုပ်အရှင်းရှိကြောင့် အတူနေ သူငယ်ချင်းများပြောဆိုလျှက်ရှိသလိုတိုးတိုးမှာ တစ်ကိုယ်တည်းသမားဖြစ်ပြီး ရွှေဟန်မှာ မိသားစုရှိကြောင်း မလေးရှားသတင်းများအရသိရှိရပါတယ်။

Source: ကို ဗိုလ်ဗိုလ်


02 Jun 2017     1,270 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS