သန့်စင်ခန်းမှာ ဆီးသွားဖို့ ပိုက်ဆံထုတ်ပေးသူကို အုပ်စုဖွဲ့ကာ ကျောက်ခဲနဲ့ထုသတ်
02 Jun 2017 1,516 Views

လမ်းဘေးတွင် စည်းကမ်းမဲ့ ဆီးသွားနေသည့် လူငယ်နှစ်ဦးကို အိမ်သာခ ထုတ်ပေးခဲ့သော လျှပ်စစ်ဆိုက်ကားဆရာ တစ်ဦးကို အညိုးထားကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ရမှဒတစ်ခု အိန္ဒိနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
အိန္ဒိယတိုင်ငံ နယူးဒေလီမြို့ မြောက်ပိုင်းတွင်ရှိသော GTB Nagar ဘူတာရုံတွင် လျှပ်စစ်ဆိုက်ကားဆရာအဖြစ် လုပ်ကိုင်နေသော အသက် ၃၂ နှစ်အရွယ် Ravinder Kumar ဆိုသူသည် ဘူတာရုံအနီး ပလက်ဖောင်းပေါ် လူမြင်ကွင်းနေရာတွင် ဆီးသွားနေကြသော လူငယ်နှစ်ဦးအနီးသို့ ချဉ်းကပ်သွာကာ သန့်စင်ခန်းခ ၂ ရူပီးဆီထုတ်ပေးကာ မလှမ်းမကမ်းရှိ သန့်စင်ခန်းတွင် အပေါ့သွားကြရန် တိုက်တွန်းခဲ့သည်။ ထိုအခါလူငယ်နှစ်ဦးက မင်းတွေ့မယ်၊ ငါတို့ပြန်လာခဲ့မယ်ဟု ကျိမ်းမောင်းကာ ထွက်သွားခဲ့သည်။
ယင်းကဲ့တိုက်တွန်းခဲ့သည့်အတွက် သူ၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည့် အဖြစ်သို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။
.jpg)
အိမ်ထောင်ပြုထားတာ ၁ နှစ်ခန့်သာရှိသေးသည့် Revinder သည် ဇနီးသည်၊ မိဘနှစ်ပါး၊ ညီအစ်ကို သုံးယောက်နှင့်အတူနေထိုင်လျှက်ရှိပြီး ဇနီးသည်မှာ ကိုယ်ဝန်ဆောင်ထားရသည်။
Revinder ၏ မိခင်ဖြစ်သူ Susheela က သူ့သားဟာ အသန့်အပြန့်အလွန်ကြိုက်သူဖြစ်ပြီး အိမ်ရှိမိသားစုဝင်အားလုံးကိုလည်း လူအများအသုံးပြုတဲ့ လူမြင်ကွင်းနေရာတွေမှာ အပေါ့အပါး မသွားရဘူးလို့ တင်းတင်းကျပ်ကျပ် မှာကြားထားကြောင်း ပြောပြသည်။
အပြင်ဘက် အများသုံးနေရာမှာ ပေါ့အပါးသွားနေသူတွေတွေ့ရင်လည်း သန့်စင်ခန်းခ ထုတ်ပေးပြီး သန့်စင်ခန်းမှာသာ သွားသင့်ကြောင့် ပညာပေးတတ်သူလည်းဖြစ်ပါတယ်။
Revinder နဲ့ စကားများခဲ့ကြတဲ့ လူငယ်နှစ်ဦးဟာ အနီးနားက ဆိုက်ကားတစ်စင်းငှားကာ Kirori Mal ကောလိပ်ဆီကို ထွက်သွးခဲ့ကြပြီး ဆိုက်ကားပေါ်မှာ ပြန်လာပြီးရိုက်နှက်မယ့်အကြောင်းကို ပြောနေခဲ့ကြောင်း ဆိုက်ကားသမားက ဆိုပါတယ်။ ဒါပေမယ့် Revinder ကို ရည်ညွှန်းပြောတယ်ဆိုတာ သူမသိခဲ့ကြောင်း ပြောပါတယ်။
လူငယ်နှစ်ဦးဟာ ညနေ ၆ နာရီခန့်မှာ အပေါင်းအဖော်အချို့ ခေါ်လာပြီး Revinder ကို ဘူတာရုံမှာ လာရှာပေမယ့် မတွေ့တဲ့အတွက် ပြန်သွားခဲ့ပါတယ်။ ည ၈ နာရီလောက်မှာ လူများများထပ်ခေါ်လာတဲ့အခါမှာ Revinder ကို တွေ့သွားပြီး တုတ်များ၊ ကျောက်ခဲများနှင့် ပစ်ပေါက် ရိုက်နှက်ခဲ့ကြသည့်အတွက် Revinder သေဆုံးခဲ့ရသည်။
ဘူတာအနီး လမ်းထောင့်ရှိ အရက်များရောင်းချသည့် ဆိုင်မှတပ်ဆင်ထားသော CCTV ကင်မရာမှ အဆိုပါလူအုပ်၏ ပုံရိပ်များကို ဖမ်းနိထားကြောင်း သတင်းရရှိသည်။