BEC-TERO TV

အက်ဆစ်ကြောင့်မျက်နှာပျက်ပေမယ့် ဖုန်းနံပါတ်မှားခေါ်လို့အချစ်စစ်တွေ့သူ

02 Jun 2017     1,295 Views


အိန္ဒိယနိုင်ငံမှာ အက်စစ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ဖုန်းနံပါတ်မှားယွင်းခေါ်ဆိုမိရာကနေ ချစ်သူရရှိသွားတဲ့အကြောင်းကို တင်ပြလိုက်ပါတယ်။ဆွေမျိုးတွေရဲ့ အက်စစ်နဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတာကြောင့် အကြိမ်(၂၀)နီးပါး ခွဲစိတ်ခဲ့ရတဲ့ လယ်လီတာ ဘန် ဘန်စီ ဆိုသူ အမျိုးသမီးဟာ ဖုန်းနံပါတ်တစ်ခုကို မှားယွင်းခေါ်ဆိုမိခဲ့ပါတယ်။ သူခေါ်ဆိုမိတဲ့ ဖုန်းနံပါတ်ဟာ CCTV ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက်(၂၇)နှစ်အရွယ် ရာဗစ် ရှန်ကာဆင်း ဆိုသူရဲ့ ဖုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းဟာ miss call ဖြစ်သွားတာကြောင့် ပြန်လည်ခေါ်ဆိုရာကနေ နောက်ပိုင်းမှာ ဖုန်းပုံမှန်ပြောဖြစ်ပြီး ချစ်သူတွေ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

သူတို့(၂)ဦးဟာ ပြီးခဲ့တဲ့ (၂၃.၅.၂၀၁၇)နေ့က မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ကို အဖွဲ့ဝင်(၂၀၀)ကျော်ပါဝင်တဲ့ စီးပွားရေးဖိုရမ်တစ်ခုက ရန်ပုံငွေထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မင်္ဂလာဆောင်ကို သရုပ်ဆောင် Vivek Obero လည်း တက်ရောက်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ တစ်နှစ်ကို အက်စစ်နဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ ခန့်မှန်းခြေ(၁၀၀၀)နီးပါးရှိနေတယ်လို့BBC သတင်းမှာဖော်ပြထားပါတယ်။


02 Jun 2017     1,295 Views




RELATED

Most Popular of International News

Most Popular of NEWS