BEC-TERO TV

အောင်လရေးပေးထားတဲ့ စုံတွဲသီချင်းပါမယ့် ၀ိုင်းစုရဲ့ မယ်သီတာ

02 Jun 2017     1,559 Views


ဇွန်လကုန်ပိုင်းလောက်မှာ ထွက်မယ့် မယ်သီတာအခွေမှာ စုံတွဲသီချင်းနှစ်ပုဒ်ပါဝင်မှာဖြစ်ပြီး စုံတွဲသီချင်းကို ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လက ရေးစပ်ပေးထားတာဖြစ်ပါတယ်။

စုံတွဲသီချင်းက အချစ်သီချင်းပုံစံဖြစ်ပြီး ဒီအခွေမှာ အတီးပိုင်းကို အကုန်ကျခံပြီး သေချာလုပ်ထားတယ်လို့ ၀ိုင်းစုကပြောပါတယ်။ မယ်သီတာအခွေမှာ ၀ိုင်းစုက တစ်ခွေလုံး ဟာမိုနီလိုက်ထားပြီး သီချင်းတစ်ပုဒ်တည်းကို သာမန် ငါးပုဒ်စာလောက် အကုန်ခံပြီး အတီးပိုင်းသေချာလုပ်ထားတာကြောင့် ထွက်လာရင် အားပေးကြပါဦးလို့ ၀ိုင်းစုက ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းက မယ်သီတာအခွေ ပြီးရင်တော့ ဂါ တေးဂီတဗီဒီယို အယ်လ်ဘမ်ကို ဆယ်လပိုင်းမှာ ထွက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : 8Days Journal


 


02 Jun 2017     1,559 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment