Two Men Show လုပ်မယ့် မြန်မာပြည်သိန်းတန်
02 Jun 2017 1,543 Views

နိုင်ငံကျော် တေးသံရှင် မြန်မာပြည်သိန်းတန်က လာမယ့် စက်တင်ဘာလထဲမှာ Two Men Show လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ The Voice သတင်းမှာ ပါရှိပါတယ်။
မြန်မာပြည်သိန်းတန်ရဲ့ Two Men Show မှာ ပါဝင်မယ့်သူကတော့ လက်ရှိမှာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်ဖြစ်ပြီး သူ့ထက်ငယ်လည်းငယ် အရပ်လည်းပိုရှည်တယ်လို့ ပြောပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။
မြန်မာပြည်သိန်းတန်ဟာ လက်ရှိမှာ “ဖက်ရှင်” နဲ့ “အဆိုတော်တွေနေတဲ့ရွာ” ရုပ်ရှင်ဇာတ်ကား နှစ်ကားကို ရိုက်ကူးထားပြီး ရုပ်ရှင်ကားကြီး နှစ်ကားလည်း ရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။
Source : The Voice Daily News





