BEC-TERO TV

၃၄ယောက်ထက်မနည်း သေဆုံးခဲ့တဲ့မနီလာက အကြမ်းဖက်မှု

02 Jun 2017     1,308 Views


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က Resorts World အပန်းဖြေစခန်းကို မျက်နှာဖုံးစွပ်လက်နက်ကိုင်တစ်ဦးက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် လူ၃၄ယောက်ထက်မနည်းသေဆုံးခဲ့ကာနောက်ဆုံးမှာတော့ ဟိုတယ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားပြီလို့ ရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ကညသန်းခေါင်အချိန်မှာ သေနတ်သမားတစ်ဦးက လောင်းကစားရုံထဲ ၀င်ရောက်ပြီးနောက်ပိုင်း တီဗီတစ်လုံးကို သေနတ်နဲ့ စတင်ပစ်ခတ်ကာ လောင်းကစားဝိုင်းတွေကို မီးရှို့ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ဒါ့အပြင် သေနတ်နဲ့ ပစ်ဖောက်ခဲ့ပေမဲ့ လောင်းကစားရုံထဲက လူတွေကို ပစ်ခတ်ခဲ့ခြင်းတော့ မရှိပါဘူး။ အဲ့ဒီသေနတ်သမားဟာ ပစ္စည်းခိုးယူဖို့ ၀င်ရောက်လာတာဖြစ်နိုင်ပြီး သူသေဆုံးခဲ့ပေမဲ့ ဘယ်လိုသေဆုံးတယ်ဆိုတာတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် ဟိုတယ်ထဲကနေ ထွက်ပြေးလာကြသူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဟိုတယ်အတွင်း မီးခိုးငွေ့မွှန်ပြီး လူ(၄၀)နီးပါး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဟိုတယ်ကို ပိတ်ထားခဲ့ပါတယ်။ ဖြစ်စဉ်အတွင်းမှာတော့ အနည်းဆုံး လူ ၅၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို အဆိုပါ တိုက်ခိုက်မှုကို IS စစ်သွေးကြွအဖွဲ့က နောက်ကွယ်ကနေ ကြိုးကိုင်နေကြောင်းနဲ့ သူတို့ရဲ့ဝါဒဖြန့်သူတစ်ဦးကို စေလွှတ်လိုက်တာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။


02 Jun 2017     1,308 Views




RELATED

Most Popular of International News

Most Popular of NEWS