BEC-TERO TV

ဒူးရင်းသီးစားမယ်ဆို သတိထားသင့်သည်များ

02 Jun 2017     1,501 Views


ဒူရင်းသီးဟာ စားတတ်ရင် အားအင်ဖြစ်ထွန်းသလိုု မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလိုု့ပြောလိုု့ရပါတယ်။ ထိုုင်းနိုုင်ငံမှာ နိုုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုုံးရှူံးသွားရတဲ့ ဖြစ်ရပ်တစ်ခုု ဖြစ်ပွားခဲ့ဖူးပါတယ်။ အဆိုုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာ ရှိသေးပြီး ဒူရင်းသီးကိုု ကြိုက်နှစ်သက်တာကြောင့် အများကြီးစားသုုံးခဲ့ကာ နွားနိုု့ နှင့် ကော်ဖီကိုုလည်း သောက်သုုံးခဲ့တာကြောင့် အသက်ဆုုံးရှုံးခဲ့ရပါတယ်။
 
ဘာကြောင့်လည်းဆိုုတော့ ဒူရင်းသီးနှင့် နွားနိုု့ပေါင်းစပ်လိုုက်ပါက သွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာ သေဆုုံးရခြင်းဖြစ်တယ်လိုု့ ဆေးစစ်ချက်များအရ သိရပါတယ်။ ဒါကြောင့် ထိုုင်းနိုုင်ငံမှာ ဒူရင်းသီးကိုု စားသုုံးပြီး ၈-နာရီအတွင်း နိုု့ထွက်အစားအသောက်များကိုု မစားသုုံးဖိုု့ တိုုက်တွန်းထားပါတယ်။
 
ထိုု့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုုကာကိုုလာ နှင့် လိုုင်ချီးသီးများဖြစ်ပြီး စားသုုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုုင်တယ် လုုိ့ဆိုုပါတယ်။
 
နောက်ထပ်သိထားသင့်တဲ့ ဗဟုသုတတွေကတော့
 
၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုုံးသင့်ပါဘူး။ ဘာလိုု့လည်းဆိုုတော့ နှစ်ခုုစလုုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုုးနှင့် ဆီးချိုရှိသူများဆိုုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုုင်ခြင်းတုုိ့ကြောင့် တွဲဖက်စားသုုံးခြင်း မပြုဖိုု့တိုုက်တွန်း လိုုပါတယ်။
 
၂။ အပူများတဲ့ခန္ဓာကိုုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုုံးပါက ရောဂါ အခြေအနေ ပိုုမိုုဆိုုးရွားတတ်တာကြောင့် မစားသုုံးသင့်ပါဘူး။
 
၃။ ဒူရင်းသီးစားသုုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကိုု ဝမ်းအေးစေရေန်သောက်သုုံးပေးသင့်ပါတယ်။
 
၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမိုု့ အဝလွန်ရောဂါရှိသူများ နှင့် ကိုုယ်အလေးချိန်များသူများ စားသုုံးရန်မသင့်ပါဘူး။
 
၅။ ပိုုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
 
၆။ ဒူရင်းသီးကိုုတစ်ကြိမ်စားတိုုင်း အများအပြားမစားသုုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်န့ံထွက်နေပြီဆိုုရင်လည်း စားသုုံးဖိုု့မသင့်တော့ပါဘူး။
 
၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။
 
၈။ ဒူရင်းသီး စားသုုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုုံးပေးသင့်ပါတယ်။
 
ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုုံးခြင်းဟာ ခန္ဓာကိုုယ်ကိုုဒုုက္ခဖြစ်စေရုုံသာမက ဝမ်းချုပ်နိုုင်တာကြောင့် ထိန်းသိမ်း စားသုုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုုံးမိပါက မင်းကွတ်သီးစားသုုံးပေး ခြင်းဖြင့် အပူဓာတ်ကိုုလျော့ချပေးနိုုင်ပါတယ်။
 
ဒါကြောင့် ဒုူရင်းသီး ကြိုက်နှစ်သက်ကြသော MI ပရိသတ်ကြီးအနေနဲ့ ဆင်ခြင်စားသောက်နိုုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျ်ိုးငှာ တင်ဆက်ပေးလိုုက်ပါတယ်။
 
Credit : Via Soe Khaing ၊ Zaw Win Naing

02 Jun 2017     1,501 Views




RELATED

Most Popular of Health Fix

Most Popular of Life Style