BEC-TERO TV

တက်တူးအသစ်စက်စက်နဲ့ ရေသွားကူးမိလို့ သေဆုံး

03 Jun 2017     1,847 Views


တက်တူးထိုးရတာကို ကြိုက်နှစ်သက်သူများ အထူးသတိထားရမည့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ တက်တူးအသစ်စက်စက် ထိုးထားခဲ့ပြီး တက်တူးဆရာ၏ ပြောစကားကို နားမထောင်ပဲ ရေးကူးမိတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
 
 
အမည်မဖော်ပြထားတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ညာဘက်လက်ဖျံပေါ်မှာ တက်တူးအသစ်တစ်ခုရေးထိုးခဲ့သည်မှာ ၅ ရက်ခန့်ပင်ရှိသေးသည်။ တက်တူးအသစ်ထိုးထားတဲ့အတွက် ရေကူးမယ်ဆိုရင် အနည်းဆုံး နှစ်ပတ်လောက်စောင့်ပြီးမှ ရေကူးဖို့ တက်တူးထိုးဆရာက အကြံပေးခဲ့ပေမယ့် အလေးမထားပဲ မက္ကစီကိုပင်လယ်ကွေ့ နေရာတွင် ရေကူးခဲ့ခြင်းဖြစ်သည်။
 
ရေကူးခဲ့ပြီးနောက် တစ်ရက်အကြာတွင် သူ၏ တက်တူးအသစ်နေရာက နာကျင်စုတ်ပြဲလာပြီး ရောဂါပိုးဝင်ခဲ့သည်။ ကိုယ်ခံအားများကျလာပြီး အဖျားဝင်လာခဲ့သလို တက်တူးအသစ်နေရာများတွင်လည်း အနာများမပျောက်ပဲ အသားနီလန်သည်အထိ အခြေအနေ ဆိုးခဲ့ရသည့်အတွက် ဆေးရုံသို့တင်ပို့ခဲ့ရသည်။
 
 
တစ်ရက်ကို ၃၄၀မီလီ ဘီယာဗူး ၆ ဗူး နေ့စဉ်သောက်ခဲ့သူမို့ အသည်းရောဂါလည်း ရှိထားသူဖြစ်သည့်အတွက် အနာမှယောင်ရမ်း ရောဂါပိုးဝင်ခဲ့တာကြာင့် သူ၏ အတွင်းကလီစာများ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ ၂၄ နာရီအတွင်းမှာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာပါတယ်။ 
ဆရာဝန်များက အသက်ကယ်နိုင်မည့်နည်းမျိုးစုံကို အသုံးပြုခဲ့ပြီး အခြေနေဆိုးမှ ပြန်လည် ကယ်တင်နိုင်သော်လည်း ဆေးရုံပေါ်တွင် နှစ်လတာမျှ ဆေးကုသမှုခံနေစဉ်အတွင်း ကျောက်ကပ်နှင့် အတွင်းကလီစာများ ဆုပ်ယုတ်လာပြီး သေဆုံးသွားခဲ့သည်။
 
“ကျောက်ကပ်ရောဂါနဲ့ အတွင်းကလီစာ ရောဂါတစ်ခုခုရှိနေသူအတွက် ခန္ဓာကိုယ်အတွင်း ပိုးဝင်နိုင်မယ့် ကိစ္စတွေကို ရှောင်ရှားသင့်ပါတယ်၊ ပြီးတော့ တက်တူးဆရာတွေအနေနဲ့လည်း တက်တူးအသစ်လာထိုးတဲ့သူတွေကို အနည်းဆုံးနှစ်ပတ်အတွင်း ရေမကူးကြဖို့ သတိပေးသင့်ကြောင်း” ဆရာဝန်များက တိုက်တွန်းခဲ့ပါတယ်။
 

03 Jun 2017     1,847 Views




RELATED

Most Popular of Special or Others

Most Popular of NEWS